ခရီးတစ်ခုသွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီး သွားမှသာ စိတ်လက်ပေါ့ပါးစွာနဲ့ ပျော်ရွှင်စရာကောင်းမှာပါ။ဒါကြောင့် ဒီနေ့မှာတော့ ခရီးသွားမယ်ဆိုရင် မဖြစ်မနေကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာလေးတွေကိုပြောပြပေးချင်ပါတယ်။

မိမိသွားရောက်လည်ပတ်မယ့် နိုင်ငံ (သို့) နေရာဒေသရဲ့ ဒေသတွင်းအသုံးပြုတဲ့ဘာသာစကားကိုကြိုတင်လေ့လာထားသင့်ပါတယ်။ အရမ်းကျွင်းကျင်တဲ့အဆင့်မဟုတ်ရင်တောင် ထမင်းစားရေသောက်လောက်တော့ပြောတက်နိုင်ရင်ကောင်းပါတယ်။ ဒီလို ဒေသသုံးဘာသာစကားတစ်ချို့ကိုကြိုတင်လေ့လာထားခြင်းဖြင့် ဒေသခံလူတွေနဲ့ ပိုမိုခင်မင်ရင်းနှီးမှုရစေပြီး မိတ်ဆွေအသစ်များရလွယ်ကာ သင့်ရဲ့ခရီးစဉ်ကပိုမိုပျော်ရွှင်ရစေမှာဖြစ်ပါတယ်။

Tourist taking photos of nature landscape using his smartphone

Source : Freepik

ခရီးသွားတဲ့အခါ ခရီးတစ်လျောက်လုံးအတွက် အရေးကြီးတဲ့ နိုင်ငံကူးလက်မှတ် ATM ကဒ် အရေးကြီးတဲ့ ဒေတာအချက်အလက်တွေနဲ့ တန်ဖိုကြီးအသုံးအဆောင်ပစ္စည်းတွေကို သေချာလေးထုပ်ပိုးပါ။ ဖြစ်နိုင်ရင် ကိုယ်နဲ့မကွာဆောင်ထားလို့ ရတဲ့ အိတ်ထဲထည့်ထားသင့်ပါတယ်။ ခရီးအတွက် မပါမဖြစ်ယူဆောင်သွားရမယ့် အရေးကြီးပစ္စည်းတွေအားလုံးကို တစ်နေရာတည်းမှာစုစည်းထားခြင်းဖြင့် မေ့ကျန်ခဲ့တာမျိုးမရှိတော့ စိတ်လက်ပေါ့ပါးချမ်းမြေ့စွာနဲ့ ခရီးစဉ်တစ်လျောက်အေးချမ်းစွာသွားနိုင်မှာဖြစ်ပါတယ်။

ကိုယ်သွားမယ့်ခရီးစဉ်က ကိုယ့်အတွက်ပထမဆုံးအကြိမ်သွားရောက်နေရာဒေသ အသစ်အဆန်းတစ်ခုဖြစ်နေခဲ့ရင် အဲ့ဒီဒေသနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို သေချာလေးစုံစမ်းထားဖို့လိုပါတယ်။ အဓိကအားဖြင့် သွားရေးလာရေး တည်းခိုမယ့်နေရာ အစားအသောက် ရာသီဥတုနှင့် ဒီနေရာဒေသရဲ့ အထင်ကရ လည်ပတ်စရာနေတွေအားလုံးကို ကြိုတင်လေ့လာထားပါ။ ဒါဆိုရင် သင့်ရဲ့ခရီးစဉ်က ဘက်စုံထောင်စုံကနေ လိုအပ်ချက်မရှိသလောက်ဖြစ်နေမှာဖြစ်ပြီး ပျော်စရာကောင်းမှာသေချာပါတယ်။

Tourist from mountain top. sun rays. man wear big backpack against sun light

Source : Freepik

ခရီးစဉ်တစ်ခုမှာ ကုန်ကျစရိတ်ကလည်း ကြိုတင်တွက်ချက်ထားသင့်တဲ့ အရေးကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ ခရီးစဉ်အစအဆုံးအတွက် သွားလာစရိတ် တည်းခိုနေထိုင်စရိတ် စားသောက်စရိတ် ဝယ်ချမ်းမယ့်ကုန်ကျစရိတ်စတဲ့ ငွေကြေးကုန်ကျစရိတ်တွေအားလုံးကို ပျှမ်းမျှအနေနဲ့ ကြိုတင်တွက်ချက်ပြီး ပြင်သင်သွားသင့်ပါတယ်။ ခရီးစဉ်တစ်ဝက်ရောက်မှ အသုံးစရိတ်ပြတ်သွားတာမျိုး ငွေကြေးလုံလုံလောက်လောက်မထည့်ခဲ့လို့ ပြည့်ပြည့်စုံစုံမလည်ပတ်ခဲ့ရတာမျိုးတွေမဖြစ်ရလေအောင် ခရီးမသွားခင်ကတည်းက ငွေကြေးကုန်ကျစရိတ်ကို ခန့်မှန်းပြီး ကြိုတင်တွက်ချက်ထားဖို့လိုအပ်ပါတယ်။