ကျနော်တို့ဟာ တခြားတိုင်းပြည်တွေရဲ့အခြေအနေတွေကို ရုပ်ရှင်တွေကို အခြေခံပြီး ပုံဖော်တတ်ကြပါတယ်။ ကျနော်တို့ မေ့နေကြတာက ရုပ်ရှင်တွေက အပြင်ဖက်က အခြေအနေတွေကို တိတိကျကျ မဖော်ပြကြတာကိုပါ။

ဒါကြောင့်လည်း ကျနော်တို့သိထားတဲ တခြားတိုင်းပြည်တွေအကြောင်းတွေက တကယ့်အမှန်တွေနဲ့ ကွဲလွဲနေတာပါ။ ခု kwee page က ကွီးတို့သိထားတဲ့ အကြောင်းအရာနဲ့ ကွဲလွဲနေတဲ့ တိုင်းပြည်တချို့ရဲ့အကြောင်းတွေကို ပြောပြပေးသွားမှာပါ။

(၁) တရုတ်နိုင်ငံဟာ လူနေထူထပ်တဲ့ နိုင်ငံဖြစ်တယ်

 

ကျနော်တို့ ဟာတရုတ်နိုင်ငံကို ကမ္ဘာပေါ်မှာ လူနေအထူထပ်ဆုံး နိုင်ငံတနိုင်ငံ အဖြစ်သိထားကြပါတယ်။ ဒါပေမယ့် ဂျာမနီနဲ့အီတလီနိုင်ငံတို့က တရုတ်ထက်ပိုပြီး လူနေထူထပ်ပါသေးတယ်။တရုတ်နိုင်ငံဟာ နယ်မြေကျယ်ဝန်းတာရယ် လူဦးရေ များလွန်းတာရယ်ကြောင့် လူနေထူထပ်တဲ့ လို့ထင်ရတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ၃ ပုံ ၂ ပုံ ဟာ တောင်ကုန်းနဲ့ကန္တာရတွေပါ။

(၂) Sumo အားကစားဟာ ဂျပန်နိုင်ငံမှာ အကျော်ကြားဆုံးပါ

ပြီးခဲ့တဲ့ နှစ်တွေမှာ Sumo အားကစားဟာ တဖန်ပြန်လည် ခေတ်စားလာတာပါ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ Sumo အားကစားဟာ baseball (ဘေ့စ်ဘော) အားကစားလောက် နာမည်မကြီးပါဘူး။ ဂျပန်နိုင်ငံက အားကစားလိုက်စားကျတဲ့ လူတဝက်လောက်ဟာ baseball လိုအားကစားမျိုးကို ရွေးချယ်ကြပါတယ်။

(၃) အိန္ဒိယနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်

 

အိန္ဒိယနိုင်ငံရဲ့ ၈၀% သောလူဦးရေဟာ ဟိန္ဒူဘာသာ ကိုးကွယ်ကြပါတယ်။ ဒုတိယကိုးကွယ်တဲ့ဘာသာကတော့ အစ္စလာန်ဘာသာပါ။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူဦးရေဟာ ၁% တောင်မရှိပါဘူး။ သူတို့ဟာနိုင်ငံရဲ့ မြောက်ဘက်ပိုင်း တိဘက်နဲ့နီးတဲ့နေရာတွေမှာနေထိုင်ကြပါတယ်။

(၄) UAE နိုင်ငံတွေမှာနေတဲ့ သူတွေအားလုံးဟာ လူချမ်းသာတွေဖြစ်ကြတယ်

UAE နိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူဦးရေရဲ့ ၈၅% လောက်ဟာ ရွေ့ပြောင်းအခြေချနေထိုင်တဲ့သူတွေပါ။ အာရပ်လူမျိုး ၃ ပုံ ၂ ပုံဟာ အိမ်နီးချင်း နိုင်ငံတွေကနေ ပြောင်းရွေ့လာတဲ့ သူတွေပါ။

အိုင်တီပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေ ချမ်းသာတာတော့အမှန်ပါပဲ။ ဒါပေမယ့် အပြာရောင် အဖြူရောင် ဝတ်ထားတဲ့ အလုပ်သမားတွေကတော့ အရမ်းဆင်းရဲကြပါတယ်။ နေထိုင်စရိတ် ဈေးကြီးလွန်းတဲ့ နိုင်ငံမှာနေထိုင်ရတဲ့ အတွက်ကြောင့်လည်း ပိုပြီးနေထိုင်ရတာ ဆင်းရဲပါတယ်။

(၅) Rio de Janeiro (ရီယို ဒီဂျနေရိုး) မြို့ဟာ ဘရာဇီးနိုင်ငံရဲ့ မြိုတော်ဖြစ်တယ်

Rio de Janeiro (ရီယို ဒီဂျနေရိုး) မြို့ဟာ ဘရာဇီးနိုင်ငံရဲ့ မြိုတော်အဖြစ် နှစ်ပေါင်း ၂၀၀ ခန့် ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၀ ခုနှစ်မှာ မြို့တော်ကို Brasília (ဘရာစီလီယာ) ကိုပြောင်းရွှေ့ခဲ့ပါတယ်။ပြီးတော့ Rio de Janeiro (ရီယို ဒီဂျနေရိုး) ဘရာဇီး ရဲ့အကြီးဆုံးမြို့မဟုတ်တော့ပါဘူး။ São Paulo (ဆော်ပိုလို) မြို့က သူထက် ပိုကြီးသွားပါပြီ။

(၆) နွားရိုင်းသတ်ပွဲက စပိန်နိုင်ငံမှာ အကျော်ကြားဆုံးဖြစ်တယ်

စပိန်ဆိုတာနဲ့ နွားရိုင်းသတ်ပွဲကို မျက်စိထဲ ပြေးမြင်မိမှာပဲ။ မြို့တွေတော်တော်များများမှာ ထခုထက်ထိ နွားရိုင်းသတ်ပွဲတွေ ကျင်းပနေဆဲပါ။ဒါပေမယ့်ဒီတတ်ကြွလှုပ်ရှားသူတွေရဲ့ ဆန့်ကျင်မှုကြောင့် ဘာစီလိုနာ တို့လို အဓိကမြို့ကြီးတွေမှာ ပိတ်ပင်ထားပါတယ်။

Source: Bright Side