လူတစ်ယောက်ချင်းစီမှာ ပင်ကိုယ်အလှ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ အချို့က မျက်လုံးမျက်ဆံလေးများက မဲနက်နေပြီး မျက်လုံးဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းနေတတ်သလို အချို့ကလည်း ဆံပင်ကောက်ကောက် ရင်အုပ်ကျယ်ကျယ်နဲ့ ယောကျာ်းပီသတဲ့အလှမျိုး ပိုင်ဆိုင်တတ်ကြပါတယ်။

အချို့ယောကျာ်းလေးများက မွေးရာပါ ဆံပင်အုံထူလေ့ရှိသလို အချို့ကတော့ ဆံပင် ပါးတတ်ကြပါတယ်။ ဆံပင် ထူထူ၊ ပါးပါး သူ့အားသာချက်၊ အားနည်းချက် ကိုယ်စီတော့ ရှိပါတယ်။ ဘယ်လောက်ပဲ အားနည်းချက်တွေ ရှိနေပါစေ ပြင်တတ်ဆင်တတ်မယ်ဆိုရင်တော့ စတိုင်လ်ကျပြီး ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

သင့်ရဲ့ဆံကေသာအမျိုးအစားပေါ် မူတည်ပြီး ဘယ်လိုဖြီးလိမ်းပြင်ဆင်သင့်သလဲ ဘယ်လို ဆံပင်စတိုင်လ်များ ညှပ်သင့်သလဲဆိုတာကို ဆက်လေ့လာလိုက်ရအောင်။

ဆံပင်အုံထူတဲ့ ယောကျာ်းများအတွက်

hairstyle for men

ဆံပင်အုံထူသူများအတွက်ကတော့ ဒီဆံပင်စတိုင်လ်များက ကြည့်ကောင်းနေစေမှာပါ။ ဆံပင်ညှပ်ဆိုင် သွားတိုင်းမှာလည်း ဆံသရောကို ဆံသဆရာကို အနည်းငယ်ခန့် လုပ်ပါးခိုင်းဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ဆံပင် မကြမ်းတမ်းဖို့ရန်အတွက် ခေါင်းလျှော်တိုင်းမှာ ဆံပင်ပျော့ဆေးအသုံးပြုပေးရပါမယ်။

လှိုင်းတွန့်ဆံပင်ပိုင်ရှင် ယောကျာ်းများအတွက်

hairstyles for men

သင့်မှာ လှိုင်းတွန့်ပုံသဏ္ဍာန် ဆံပင်စတိုင်လ်လေး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်များက သင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဆံပင် လှိုင်းတွန့်နေတဲ့ပုံစံမျိုးကို မကြိုက်ဘူးဆိုရင်တော့ ဖြောင့်စက်နဲ့ အလွယ်တကူ ဖြောင့်ပေးလိုက်ရုံပါပဲ။

ဆံပင်အကောက်ပိုင်ရှင် ယောကျာ်းများအတွက်

hairstyles for men

ဆံပင်ကောက်သူများကတော့ ဆံပင် ကြမ်းမသွားအောင် သေချာဂရုစိုက်သင့်ပါတယ်။ ခေါင်းလျှော်ပြီးလိ့ု ဆံပင်အခြောက်ခံချင်တယ်ဆိုရင် လေမှုတ်စက် တန်းမသုံးဘဲ ဆံပင်ကို ပုဝါဖြင့် ၆၀ ရာခိုင်နှုန်းခန့် အရင်ခြောက်အောင် သုတ်လိုက်ပါ။ ပြီးမှ ဆံပင်လေမှုတ်စက်ဖြင့် ထပ်မံအခြောက်ခံနိုင်ပါတယ်။

ဆံပင် မထူမပါးပိုင်ရှင်များအတွက်

hairstyles for men

ဒီဆံပင်ပိုင်ရှင်တွေကတော့ ကံအကောင်းဆုံးလူသားတွေပဲဖြစ်ပါတယ်။ မိမိဆံကေသာကို မိမိစိတ်ကြိုက်ပုံစံအမျိုးမျိုး ပုံသွင်းနိုင်ကြလို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဦးရေပြားရဲ့သဘာဝအဆီကို ထိန်းသိမ်းဖို့ရန်အတွက် ခဏခဏ ခေါင်းမလျှော်သင့်ပါဘူး။

Source: Fashionbeans