ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ရန်အတွက် အာဟာရမျှတစွာ စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးများကို မျှတစွာ စားသုံးသင့်ပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံ စားသုံးမိပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အသားဟင်းကို အလွန်အကျွံ စားသုံးပါက အခုဖော်ပြပေးမယ့် ကျန်းမာရေးဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်း

disadvantages of eating too much meat for men

အသားဟင်းထဲမှာ ယူရစ်အက်ဆစ်များ ပါဝင်ခြင်းကြောင့် ရေငတ်ခြင်းကို ခံစားရစေနိုင်ပါတယ်။ သင့်ရဲ့ကျောက်ကပ်က အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့ရန်အတွက် အသားဟင်း စားပြီးတိုင်းမှာ ရေများများ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ဝမ်းချုပ်ခြင်း

disadvantages of eating too much meat for men

ပရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများမှာ အမျှင်ဓာတ် မပါဝင်တဲ့အတွက်ကြောင့် အလွန်အကျွံ စားသုံးမိပါက ဝမ်းချုပ်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ထည့်သွင်းစားသုံးသင့်ပါတယ်။

ခေါင်းကိုက်ခြင်း

disadvantages of eating too much meat for men

ရေဓာတ်ခမ်းခြောက်ခြင်းက သွေးများကို ပျစ်စေပြီး ဦးနှောက်ထဲသို့ သွေးလှည့်ပတ်စီးဆင်းမှုကို နှေးကွေးစေပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ခေါင်းကိုက်လာပါလိမ့်မယ်။

နှလုံးရောဂါ ခံစားရခြင်း

disadvantages of eating too much meat for men

သင့် စားသုံးတဲ့အစားအစာတွေထဲမှာ အမျှင်ဓာတ် များများပါဝင်လေ နှလုံးရောဂါ ခံစားရခြင်းကို ပိုမိုကာကွယ်ပေးနိုင်လေပါပဲ။ ဒါပေမဲ့ အသားများများ စားမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ် နည်းနည်းပဲ ရရှိမှာပါ။ အနီရောင်ရှိတဲ့ အသားတွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် များများ စားမိရင်တော့ နှလုံးကျန်းမာရေးအတွက် မကောင်းပါဘူး။

မကြာခဏ ဖျားနာလွယ်ခြင်း

disadvantages of eating too much meat for men

အနီရောင်ရှိတဲ့အသားများနှင့် ကြာရှည်ခံအောင် ပြုလုပ်ထားသော အသားတွေထဲမှာ ပြည့်ဝဆီအများအပြားပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Antioxidants များကိုလည်း မပေးစွမ်းနိုင်ပါဘူး။ ခန္ဓာကိုယ်က Antioxidants များ လုံလောက်စွာ မရရှိဘူးဆိုရင်တော့ ကိုယ်ခံအားကျဆင်းပြီး အလွယ်တကူဖျားနာလာပါလိမ့်မယ်။

Source: Brightside.me