ဖက်ရှင်ချစ်သူ ယောကျာ်းများအတွက် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများက မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေပါပဲ။ အချိန်တိကျတဲ့ယောကျာ်းများအတွက်တော့ လက်ပတ်နာရီက မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းပါ။
လက်ပတ်နာရီရွေးချယ်ဝတ်ဆင်တဲ့အခါမှာလည်း လူတစ်ယောက်နဲ့တစ်ယောက်ရဲ့အကြိုက်ပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ အချို့ကလည်း အကြမ်းခံတဲ့ နာရီမျိုးကို ကြိုက်နှစ်သက်ပြီး အချို့ကလည်း သားရေကြိုးတပ်လက်ပတ်နာရီမျိုးကို ကြိုက်နှစ်သက်ကြပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ အနက်ရောင်ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် အနက်ရောင်သီးသန့် လက်ပတ်နာရီအမျိုးအစားများကို ဖော်ပြပေးလိုက်ရပါတယ်။
G-Shock

ရေစိုခံတဲ့ လက်ပတ်နာရီမျိုးကိုမှ ကြိုက်နှစ်သက်တဲ့ အမျိုးသားများအတွက် ၂၀၀ မီတာအနက်အထိ ရေစိုခံတဲ့ G-Shock အနက်ရောင် လက်ပတ်နာရီလေးက ဆွဲဆောင်မှုအပြည့်နဲ့ လှပနေပါတယ်။
Omega

Omega တံဆိပ် လက်ပတ်နာရီကတော့ နာရီချစ်သူများအကြား ရေပန်းစားတဲ့ လက်ပတ်နာရီတစ်မျိုးပဲဖြစ်ပါတယ်။
Skagen Hagen

မော်ဒယ်စတိုင်လ် နှစ်သက်တဲ့ ယောကျာ်းများအတွက်ကတော့ အနက်ရောင် Skagen Hagen လက်ပတ်နာရီက အသင့်တော်ဆုံးပါပဲ။
Michael Kors

ရုံးဖက်ရှင်အတွက်သာမက ပေါ့ပေါ့ပါးပါး ဖက်ရှင် နှစ်မျိုးစလုံးအတွက် အသုံးတည့်တာကတော့ Michael Kors ရဲ့ အနက်ရောင်လက်ပတ်နာရီပဲဖြစ်ပါတယ်။
Daniel Wellington

နာရီချစ်သူများအကြား နောက်ထပ်ရေပန်းစားတဲ့ လက်ပတ်နာရီတစ်မျိုးကတော့ Daniel Wellington လက်ပတ်နာရီပဲဖြစ်ပါတယ်။ ဖက်ရှင်ချစ်သူ အမျိုးသားများအတွက် လက်မလွှတ်သင့်တဲ့ နာရီတစ်မျိုးပဲဖြစ်ပါတယ်။
Fossil

အလန်းစားဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ လက်ပတ်နာရီတစ်မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Fossil လက်ပတ်နာရီက သင့်အတွက်ပါပဲ။
သင့်ရော လက်ပတ်နာရီ ဝယ်တဲ့အခါ ဘယ်အရောင်လက်ပတ်နာရီမျိုးကို ရွေးချယ်ဝယ်ယူပါသလဲ။ သေချာတာတစ်ခုကတော့ အနက်ရောင်လက်ပတ်နာရီက အဝတ်အစားအရောင် မရွေးတဲ့အတွက်ကြောင့် ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်နေမှာပါပဲ။
Source: Thetrendspotter.net
