တက်တူးချစ်သူ ယောကျာ်းများအကြား ရေပန်းစားနေတဲ့ တက်တူးဒီဇိုင်းတွေထဲမှာ မြေပုံတက်တူးကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ မြေပုံတက်တူးကို ခန္ဓာကိုယ်ရဲ့နေရာအနှံ့ကို ရေးထိုးနိုင်ပေမယ့် ရင်အုပ်နှင့် လက်ချောင်းပေါ်မှာ ရေးထိုးထားခြင်းက ပိုမိုယောကျာ်းဆန်ပြီး ဆွဲဆောင်မှုပိုတိုးစေပါတယ်။
သင့်အနေနဲ့ မြွေပုံတက်တူး ရေးထိုးမယ်ဆိုရင်တော့ တက်တူးမထိုးခင်မှာ ထိုတက်တူးရဲ့အဓိပ္ပာယ်ကို ဂဃနဏ နားလည်ထားသင့်ပါတယ်။
မြွေနှင့် နှင်းဆီတက်တူး
နှင်းဆီပန်းကတော့ တက်တူးချစ်သူများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်မျိုးဖြစ်ပြီး အချစ်ကို ကိုယ်စားပြုပါတယ်။ မြေပုံတက်တူးနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရိုမန့်တစ်ဆန်သော အချစ်တစ်ခုကို ပိုင်ဆိုင်လိုကြောင်း ရည်ညွှန်းတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။
ရိုးရာမြွေပုံတက်တူး
ဒီတက်တူးကတော့ သဘာဝတရားကို ရည်ညွှန်းပြီး အပင်နှင့် သတ္တဝါများကို ရည်ညွှန်းပါတယ်။ သဘာဝတရားကို မြတ်နိုးသူများအနေနဲ့ ရေးထိုးထားနိုင်တဲ့ တက်တူးဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။
မြွေပုံ အသေးစားတက်တူး
တက်တူးအသေးစားလေး ထိုးချင်တယ်ဆိုရင်တော့ ဒီလိုမျိုး မြွေပုံအသေးစားတက်တူးလေးက အသင့်တော်ဆုံးပဲဖြစ်ပါတယ်။
သူ့အမြီး သူပြန်စားနေတဲ့ မြွှေပုံတက်တူး
ဒီတက်တူးလေးကတော့ ဘဝသံသရာ၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ဒီတက်တူးကိုတော့ လက်မောင်း၊ ရင်အုပ်၊ ကျောပြင်နှင့် နံရိုးကြားတွင် ရေးထိုးထားဖို့ အသင့်တော်ဆုံးပါပဲ။
လက်မောင်းကို ရစ်ပတ်နေတဲ့ မြွေပုံတက်တူး
ဒီမြွေပုံဒီဇိုင်းလေးကတော့ တမူထူးခြားပြီး လှပတဲ့ဒီဇိုင်းတစ်မျိုးပဲဖြစ်ပါတယ်။ သူများနဲ့ မတူတဲ့ ဒီဇိုင်းအမိုက်စားလေးကို ထိုးချင်တယ်ဆိုရင်တော့ ဒီဇိုင်းလေးက အမိမိုက်ဆုံးပါပဲ။
Source: Thetrendspotter