ကြွက်သားများ ကျစ်လျစ်တောင့်တင်းချင်သော ယောကျာ်းများအတွက် Gym သွားခြင်းက အထောက်အကူပြုစေနိုင်ပါတယ်။ စမတ်ကျပြီး ဉာဏ်ရည်ထက်မြက်စေချင်ရင်တော့ ဘယ်လိုပြုမူနေထိုင်ဆောင်ရွက်ရမလဲဆိုတာကို သင် သိပါသလား။

သင့်မျက်လုံးကို လုံလုံလောက်လောက် အနားပေးပါ

tips for men to train your brain

စိတ်ဖိစီးမှုများခြင်း၊ အနားယူအပန်းဖြေမှုမရှိခြင်းက သင့်ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ လူသားတွေရဲ့ဦးနှောက်က ကောင်းစွာ အလုပ်လုပ်ဆောင်နိုင်ရန်အတွက် စွမ်းအင်အမြောက်အမြားလိုအပ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့စိတ်က ပင်ပန်းနွမ်းနယ်ပြီး အနားယူအပန်းဖြေမှုမရှိပါက သင့်ဦးနှောက်ကလည်း ပင်ပန်းနွမ်းနယ်ပြီး မှတ်ဉာဏ်ကျဆင်းလာပါလိမ့်မယ်။

စာဖတ်ပါ

tips for men to train your brain

စာဖတ်ခြင်းက ဗဟုသုတများကို တိုးပွားစေပါတယ်။ စာများများဖတ်လေ သင့်ဦးနှောက်ကို အာဟာရဖြည့်တင်းပေးရာရောက်ပြီး ဉာဏ်ရည်ထက်မြက်လာပါလိမ့်မယ်။

ဦးနှောက်ဖွံ့ဖြိုးစေသော အစားအစာများ များများစားသုံးပါ

tips for men to train your brain

အစားအစာများက သင့်ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် လောင်စာဆီပဲဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာများက သင့်ဦးနှောက်အတွက် ကောင်းမွန်စေပါတယ်။ ဥပမာ အိုမီဂါသရီးနှင့် ဖက်တိအက်ဆစ်များ ကြွယ်ဝစွာပါဝင်တဲ့ တူနာငါး၊ ဆော်လမွန်ငါး၊ မက်ကရယ်ငါးနှင့် အစေ့အဆံများ စားသုံးပေးသင့်ပါတယ်။

ဂိမ်းကစားပါ

tips for men to train your brain

သင့်ဉာဏ်ရည် များများ မြင့်မားစေချင်ရင် ဦးနှောက်ကို များများထရိန်နင်ပေးဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို များများအလုပ်ပေးရသော ဂိမ်းများ ကစားခြင်းဖြင့် သင့်ရဲ့IQ ကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒိုင်ယာရီ နေ့စဉ်ရေးပါ

tips for men to train your brain

နေ့စဉ်မှတ်တမ်း ရေးသားခြင်းက ကောင်းမွန်သော အမူအကျင့်တစ်ခုဖြစ်ပြီး သင့်ရဲ့စိတ်နှလုံးကို အေးချမ်းစေပါတယ်။ သင့်အတွေးများကို နေ့စဉ်ချရေးထားခြင်းအားဖြင့် သင့်ရဲ့မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

သင့်ရဲ့စိတ်အတွက် လေ့ကျင့်ခန်း ပြုလုပ်ပါ

tips for men to train your brain

သင့် ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် လေ့ကျင့်ခန်းများများ လုပ်ပေးဖို့လိုအပ်သလို သင့်ဦးနှောက် စွမ်းဆောင်ရည် တိုးမြှင့်စေဖို့အတွက် စိတ်တည်ငြိမ်စေမယ့် တရားထိုင်လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းမာျးကို တစ်နေ့လျှင် အနည်းဆုံး ၁၅ မိနစ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

ဒီအချက်များကတော့ သင့်ကို စမတ်ကျတဲ့ ယောကျာ်းတစ်ယောက်ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။

Source: Interestingengineering.com