အမျိုးသားတွေထင်မှတ်မထားတဲ့ တချို့သောအချက်လေးတွေက အမျိုးသမီးတွေရဲ့ နှလုံးသားကို လှုပ်ခတ်စေနိုင်တယ်ဆိုတာ သင်သိပါသလား။ သင့်လက်ရှိပိုင်ဆိုင်ထားတဲ့ Relationship မှာ သင်ချစ်သူကောင်မလေးပိုချစ်တာ ခံချင်ရင်တော့ အခုပြောပြမယ့်အချက်လေးတွေက တကယ်ထိရောက်မှုရှိစေမယ်ဆိုတာ အာမခံပါတယ်။

(၁) အသေးအမွှားလေးတွေကအစ ဂရုစိုက်ပေးပါ

pretty beautiful woman and her handsome stylish boyfriend hugging outdoor

နေပူတဲ့အခါအလိုက်တသိ ထီးလေးဆောင်းပေးတာမျိုး ၊ ဘက်စ်ကားစီးတဲ့အခါ ထိုင်ခုံနေရာ ဦးစားပေးထိုင်ခိုင်းတာမျိုး ၊ စားသောက်ဆိုင်ဝင်တဲ့ တံခါးဖွင့်ပေးတာမျိုး ၊ လူများတဲ့နေရာတွေသွားတဲ့အခါ သူမလက်ကိုတင်းတင်းဆုပ်ကိုင်ထားမျိုးစသည်ဖြင့် အသေးအမွှားလို့ထင်ရတဲ့ အရာလေးတွေက သူမအပေါ် သင့်ရဲ့ဂရုစိုက်မှုကိုပေါ်လွင်နေစေမှာဖြစ်ပါတယ်။

(၂) အမှတ်တရ လက်ဆောင်လေးတွေ ပေးပါ

Young couple making gifts to each other by the christmas tree

လက်ဆောင်ပေးတယ်ဆိုတာ ချစ်ခြင်းမေတ္တာကိုထုတ်ဖော်ပြသတဲ့ နည်းလမ်းတစ်ခုပါပဲ။ တန်ဖိုးကြီး တဲ့အရာတွေပေးမှမဟုတ်ပဲ သူနဲ့ ကိုယ်ကြားမှာ မှတ်မှတ်ရရနဲ့အမှတ်တရဖြစ်နေစေမယ့် ပစ္စည်းလေးတွေပေးလို့ရပါတယ်။ ဥပမာ ရေဘူးလက်ဆောင်ပေးတယ်ဆိုရင် ဒီဘူးလေးနဲ့ ရေသောက်တိုင်းမှာသင့်ကိုသတိရနေစေမှာပါ။

(၃) သူမမိသားစုကိုလည်းချစ်ခင်ပေးပါ

group of creative friends sitting on a wooden table. people were having fun while playing a board game

လူတိုင်းလူတိုင်းဘဝမှာ မိသားစုကအရေးကြီးတဲ့ သူတွေပဲမဟုတ်လား။ ကိုယ့်ဘဝအတွက်အရေးကြီးဆုံးမိသားစုဝင်တွေကို ချစ်ခင်တက်ကြသလို ကိုယ့်ဘဝထဲဝင်လာတဲ့ချစ်သူကိုလည်း မိသားစုနဲ့အဆင်ပြေပြီး ချစ်ခင်စေချင်ကြပါတယ်။ ဒီတော့ သင့်အနေနဲ့သူမကိုချစ်ခင်တန်ဖိုးထားသလို သူမနဲ့ပတ်သတ်တဲ့မိသားစုကိုလည်း ချစ်ခင်ပေးဖို့လိုအပ်ပါတယ်။

(၄) သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးပါ

Friends having fun at restaurant

သင့်ပတ်ဝန်းကျင် ၊ သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။ သူငယ်ချင်းတွေကြားမှာ ကိုယ့်ချစ်သူကိုထုတ်ပြခံရတာကို မိန်းကလေးတိုင်းသဘောကျနှစ်သက်ကြပါတယ်။ ဒါကြောင့် သင့်ချစ်သူကောင်မလေးကို သင့်ဘဝရဲ့အရေးကြီးတဲ့သူတစ်ယောက်အဖြစ် သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ အကြံပြုချင်ပါတယ်။

Photo : Freepik