များသောအားဖြင့် လူတိုင်းလူတိုင်းဘဝမှာတိုးတက်ပြောင်းလဲမှုတွေကို လိုချင်ကြသူတွေချည်းပါပဲ။ တိုးတက်ပြောင်းလဲမှုဆိုတာ စိတ်ကူးထဲကနေပဲ လုပ်လို့မရပါဘူး။ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုပြောပြမယ့်အချက်တွေလုပ်နေသ၍တော့ သင်ဟာဘယ်တော့မှတိုးတက်ပြောင်းလဲ သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။

(၁) အချိန်ဆွဲတက်တဲ့အကျင့်ရှိခြင်း

Man feeling bored

Source : Freepik

အလုပ်တစ်ခုကို ညနေမှလုပ် ၊ မနက်ဖြန်မှလုပ်မယ် ၊ နောက်တစ်ပတ်မှလုပ်မယ် စသည်ဖြင့် အချိန်ဆွဲနေမိပြီလား။ သေချာပါတယ် အချိန်ဆွဲတက်တဲ့အကျင့်ရှိရင် အလုပ်ပြီးမြောက်ဖို့ များစွာအချိန်ကြန့်ကြာမှာဖြစ်ပြီး ဘဝမှာတိုးတက်သင့်သလောက် ပြောင်းလဲသင့်သလောက် တိုးတက်ပြောင်းလဲမှာမဟုတ်ပါဘူး။

(၂) အသစ်တွေသင်ယူဖို့ကြောက်ရွံခြင်း

bored frustrated and sleepy after a tiresome dull and tedious task holding face with hand

Source : Freepik

နေသားကျနေတဲ့ပုံမှန်ဘဝထဲက ခွဲထွက်နိုင်ဖို့အသစ်သစ်သော လေ့လာသင်ယူမှုတွေ အားစိုက်ထုတ်မှုတွေကိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ဘဝမှာပဲ ပိုနေမြဲကျားနေမြဲ နေထိုင်နေရုံနဲ့ အပြောင်းအလဲတွေ တိုးတက်မှုတွေဆိုတာ ရှိမလာနိုင်ပါဘူး။ တိုးတက်ပြောင်းလဲဖို့ တစ်ခါတစ်ရံမှာ ခက်ခဲမှုတွေ ပင်ပန်းမှုတွေနဲ့ ကြုံရနိုင်ပါတယ်။ ဒါမှလည်း ပြောင်းလဲတိုးတက်ခြင်းဆိုတဲ့အနှစ်သာရကိုခံစားရနိုင်မှာပါ။

(၃) စိုးရိမ်ပူပန်စိတ်များခြင်း

Stressed man sitting with hands on head

Source : Freepik

စိုးရိမ်ပူပန်စိတ်တွေက ဆုံးဖြတ်ချက်တွေကို ယိုင်နဲ့သွားစေတယ် ၊ ယုံကြည်မှုတွေကိုပျက်ပြားသွားစေနိုင်ပါတယ်။ လက်တွေ့ဖြစ်မလာသေးတဲ့အရာတွေကိုတွေးပြီး စိုးရိမ်စိတ်များနေခြင်းကြောင့် ဖြစ်ပါ့မလားဆိုတဲ့ စိတ်ကြီးဝင်သွားစေပြီး သင့်လုပ်ဆောင်မယ့်အရာတွေအပေါ် တွေဝေသွားစေနိုင်ပါတယ်။ ဒါဆိုရင်သင့်အတွက် ကြီးမားတဲ့အပြောင်းအလဲတွေကလည်း လွဲချော်သွားစေမှာပါ။

(၄) အဖျားရှုးသွားခြင်း

Depressed man sitting

Source : Freepik

ကိစ္စတစ်ခုကိုအစပိုင်းမှာအရမ်းတက်ကြွပေမယ့် နောက်ပိုင်းကျ ဟိုလိုဒီလို အကြောင်းပြချက်အမျိုးမျိုးနဲ့ အဖျားသွားတက်တဲ့သူတွေအများကြီး တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီလို ကောက်ရိုးမီးလို အကျင့်ရှိတာကလည်း ဘယ်တော့မှ တိုးတက်ပြောင်းလဲမှု ပြီးမြောက်အောင်မြင်မှု ကိုရနိုင်မှာမဟုတ်ပါဘူး။