ယနေ့ခေတ်တွင် အသားအရေထိန်းသိမ်းခြင်းဆိုတာ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ ယောကျာ်းများအတွက်လည်း အသားအရေထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှ ကြည်လင်သန့်စင်ပြီး ချောမွတ်လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီလိုအသားအရေ ထိန်းသိမ်းဖို့ရန်အတွက် ဘယ်လိုအချက်များကို သိထားသင့်သလဲ။
အဓိကသော့ချက်သည် ကြိုတင်ကာကွယ်ခြင်း

Source: Jacketsunscreen.com
အသားအရေ ပျက်စီးသွားမှ ပြန်လည်ထိန်းသိမ်းရခြင်းထက် မပျက်စီးခင်ကတည်းက ကြိုတင်ကာကွယ်သင့်ပါတယ်။ အပြင်ထွက်တဲ့အခါတိုင်း မိုးရွာသည်ဖြစ်စေ၊ နေသာသည်ဖြစ်စေ နေလောင်ကာခရင်မ် လိမ်းပြီးမှသာ အပြင်ထွက်သင့်ပါတယ်။ ဒါမှ အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်နိုင်ပြီး အသားအရေတင်းရင်းနေမှာဖြစ်ပါတယ်။
Moisturizer ခရင်မ်နှင့် မိတ်ဆွေဖွဲ့ပါ

Source: Menshealth
ကောင်းမွန်တဲ့ Moisturizer တစ်ခုက သင့်အသားအရေကို များစွာပြောင်းလဲသွားစေနိုင်ပါတယ်။ Moisturizer ရွေးချယ်တဲ့အခါမှာလည်း မိမိအသားအရေနဲ့ ကိုက်ညီတဲ့ Moisturizer မျိုးကို ရွေးဝယ်ပါ။ အသားအရေခြောက်သွေ့သူများက ခရင်မ်ကဲ့သို့ Moisturizer လိမ်းကျံသင့်ပြီး ပုံမှန်အသားအရေပိုင်ရှင်များကတော့ လိုးရှင်း Moisturizer မျိုး လိမ်းကျံသင့်ပါတယ်။
တကယ်လို့ သင့်အသားအရေက အဆီပြန်လို့ဆိုပြီး Moisturizer မလိုအပ်ဘူးလို့ မထင်လိုက်ပါနဲ့။ အဆီပြန်သူများက Moisturizer ပိုလိုအပ်ပါတယ်။ ဒါပေမဲ့ ထိုသူများကတော့ Light Weight ဖြစ်တဲ့ ဂျယ်လ် Moisturizer လိုမျိုးကို ရွေးချယ်သင့်ပါတယ်။
အသားလှစေမယ့် သွားရေစာ စားသုံးပါ

Source: ShapeMagazine
သင့်အသားအရေကို ထိန်းသိမ်းပေးမယ့် အစားအစာမျိုးစုံရှိပါတယ်။ အယ်လ်မွန်သီး လက်တစ်ဆုပ်စာခန့် စားသုံးခြင်းက သင့်အသားအရေကို တင်းရင်းလှပစေပါတယ်။ ဒါ့အပြင် ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ ဆော်လ်မွန်ငါး၊ တူနာငါးကဲ့သို့ အစားအစာများက အသားအရေတွဲကျခြင်း၊ အရေးအကြောင်းပေါ်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ငန်တဲ့အစားအစာများကတော့ သင့်ကို အိုမင်းရင့်ရော်မှု မြန်ဆန်စေတာကြောင့် ရှောင်ကြဉ်သင့်တဲ့အစားအစာထဲပါပါတယ်။
မိမိအသားအရေ အမျိုးအစားနဲ့ လိုက်ဖက်မယ့် Skincare ပစ္စည်းများကိုသာ အသုံးပြုပါ

Source: TheIndianExpress
စောစောက ပြောခဲ့သလိုပဲ အသားအရေ အဆီပြန်သူများက အဆီပြန်သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ Skincare မျိုးကိုသာ အသုံးပြုသင့်ပြီး အသားအရေခြောက်သွေ့သူများကတော့ အစိုဓာတ်များများ ဖြည့်တင်းပေးနိုင်မယ့် Skincare ပစ္စည်းများကိုသာ အသုံးပြုသင့်ပါတယ်။
အသားအရေ ထိန်းသိမ်းခြင်းက မိမိ ချဲ့ရင် ချဲ့သလောက် ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ Skincare အတွက် အချိန်အများကြီးမပေးချင်တဲ့ ယောကျာ်းများအတွက်တော့ ဒီအခြေခံအချက်လေးတွေနဲ့တင် လုံလောက်ပါတယ်။
Source: Drdoppelt.com
