ဘာသာစကားလေ့လာခြင်းက အကျိုးကျေးဇူးများစွာရှိပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းပိုများခြင်း၊ နိုင်ငံခြားသားများနှင့် ပေါင်းသင်းဆက်ဆံမှု ပိုမိုလွယ်ကူခြင်း၊ လူလိမ်မခံရခြင်း စတဲ့ အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။

ခရီးသွားတဲ့အခါမှာလည်း မိမိသွားတဲ့နေရာဒေသရဲ့ဘာသာစကားတစ်မျိုးကို နားလည်တတ်ကျွမ်းမယ်ဆိုရင် ခရီးသွားခြင်းက ပိုမိုလွယ်ကူလာမှာဖြစ်ပြီး အရူးတစ်ယောက်လို ပြုံးပဲ ပြုံးနေရတဲ့အဖြစ်က ကင်းဝေးသွားပါလိမ့်မယ်။

ဘာသာစကားအသစ် လေ့လာထားခြင်းက ခရီးသွားခြင်းကို ဘယ်လိုအထောက်အကူပြုနိုင်သလဲဆိုတော့…

လမ်းမသိတဲ့အချိန် (သို့) လမ်းပျောက်တဲ့အချိန်မှာ ဒေသခံများကို အလွယ်တကူမေးမြန်းနိုင်ခြင်း

travelling tips for men

Source: Thelanguagegallery.com

ခရီးသွားတဲ့အခါ ကိုယ် မသိတဲ့နေရာဒေသ အသစ်အဆန်းတစ်ခုဖြစ်တာကြောင့် ဘယ်လိုသွားရမလဲ။ ဘယ်လမ်းကနေ သွားရမလဲဆိုတာမျိုးကို အလွယ်တကူ သိနိုင်မှာမဟုတ်ပါဘူး။ ထိုအချိန်မျိုးမှာ မိမိတတ်ကျွမ်းတဲ့ ဘာသာစကားနဲ့ ဒေသခံများကို အလွယ်တကူမေးမြန်းနိုင်ပါတယ်။

ခရီးမနှောင့်နှေးအောင် ကူညီပေးခြင်း

travelling tips for men

Source: Gigglersmedia.com

ထိုဒေသမှာ အသုံးပြုတဲ့ဘာသာစကားကို တတ်ကျွမ်းထားမယ်ဆိုရင် သူတို့ရဲ့ဘာသစကားနဲ့ ဆက်သွယ်ပြောဆိုနိုင်တာကြောင့် သင့်ရဲ့ခရီးလမ်းကလည်း လွယ်ကူမြန်ဆန်လာမှာ အသေအချာပါပဲ။

မိတ်ဆွေသစ်ဖွဲ့နိုင်ခြင်း

travelling tips for men

Source: TheIndianExpress

ဘာသာစကားအသစ် နားလည်တတ်ကျွမ်းဖို့အတွက် အလေ့အကျင့်များများ လိုအပ်ပါတယ်။ ထိုအလေ့အကျင့်များကိုတော့ ဒေသခံများနဲ့ ပြောဆိုမှသာ တတ်ကျွမ်းလွယ်မှာပါ။ ဒေသခံများနဲ့ စကားများများပြောကာ မိတ်ဆွေဖွဲ့ခြင်းအားဖြင့် သင့်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးသည်လည်း မြင့်မားလာပါလိမ့်မယ်။

မှတ်ဉာဏ်စွမ်းအားမြင့်မားအောင် ကူညီပေးနိုင်ခြင်း

travelling tips for men

Source: Freepik.com

ဘာသာစကားလေ့လာခြင်းရဲ့အကျိုးကျေးဇူးတစ်ခုကတော့ မှတ်ဉာဏ်စွမ်းအားမြင့်မားလာခြင်းပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်အတွက် အားကစားများများ ပြုလုပ်ခြင်းက ခန္ဓာကိုယ် ပိုမိုသန်မာလာသလိုပဲ ဘာသာစကားများကို များများလေ့လာကျက်မှတ်ခြင်းကလည်း သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားလာစေပါတယ်။ ငယ်စဉ်ကတည်းက ဘာသာစကားနှစ်မျိုးလေ့လာထားတဲ့ ကလေးငယ်များက သာမန်ကလေးငယ်များထက် ဦးနှောက်စွမ်းဆောင်ရည် ပိုမိုမြင့်မားတာကို လေ့လာတွေ့ရှိရပါတယ်။

Source: Claimcompass.eu