ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာများကြောင့် အလုပ်အကိုင်အခွင့်အလမ်းများသည်လည်း တစ်စထက်တစ်စ ပြောင်းလဲလာပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်ခန့်က ရေပန်းစားခဲ့သော အလုပ်အကိုင်မှာ ယနေ့ခေတ်တွင်တော့ ရေပန်းစားချင်မှ စားပါလိမ့်မယ်။
အလုပ်အကိုင်အခွင့်အလမ်းအကြောင်း စိတ်ဝင်စားသူများအတွက် အနာဂတ်မှာ ခေတ်စားလာနိုင်တဲ့ အလုပ်အကိုင်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ကျောင်းဆရာ
Source: Newyorkschooltalk.org
မြန်မာနိုင်ငံတွင် ကျောင်းဆရာဦးရေနှင့် ဆရာမဦးရေကို အချိုးချလိုက်တဲ့အခါ ဆရာမဦးရေက ပိုများနေတာကို သိသိသာသာတွေ့မြင်ရမှာပါ။ ကျောင်းဆရာအလုပ်ကလည်း စာသင်ရုံတစ်ခုတည်းနဲ့ မရတာကြောင့် အလုပ်ကနေရမယ့် စိတ်ဖိစီးမှုဒဏ်ကိုလည်း ခံနိုင်ရပါဦးမယ်။
Software Developer
Source: freelancinggig.com
IT လုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်တွေကလည်း ယခုကတည်းက အများအပြားရှိနေပါပြီ။ Software Developer အလုပ်ကတော့ IT အင်ဂျင်နီယာများအတွက် အသင့်တော်ဆုံးဖြစ်ပြီး လုပ်ခလစာကလည်း ကောင်းတာကြောင့် အနာဂတ်မှာ ခေတ်စားလာမယ့် လုပ်ငန်းတစ်ခုအဖြစ် ထည့်သွင်းနိုင်ပါတယ်။
ဆရာဝန်
Source: Freepik.com
ဆရာဝန်အလုပ်ကတော့ ယခင်ကတည်းက မြန်မာပြည်တွင် ခေတ်အစားဆုံးအလုပ်တစ်ခုဖြစ်ပြီး သင် ရွေးချယ်တဲ့ အထူးပြုဘာသာရပ်ပေါ် မူတည်ပြီး သင့်ရဲ့ဝင်ငွေကလည်း အထိုက်အလောက် ပြောင်းလဲသွားနိုင်ပါတယ်။
အင်ဂျင်နီယာ
Source: Freepik.com
မြန်မာပြည်တွင် ဆရာဝန်အလုပ်ပြီးလျှင် ဒုတိယလူကြိုက်အများဆုံးလုပ်ငန်းတစ်ခုကတော့ အင်ဂျင်နီယာအလုပ်ပဲဖြစ်ပါတယ်။ ဗိသုကာအင်ဂျင်နီယာ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ စသည်ဖြင့် အထူးပြုဘာသာရပ်အမျိုးမျိုးရှိသည့်အနက် သင် လုပ်မယ့်ကုမ္ပဏီပေါ် မူတည်ပြီးလည်း လုပ်ခလစာနှင့် အခွင့်အလမ်းများလည်း ပြောင်းလဲသွားနိုင်ပါတယ်။
အနုပညာအလုပ်
Source: voices.com
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အနုပညာအလုပ်က သာမန်လူများအလွယ်တကူ ဝင်ရောက်လုပ်ကိုင်နိုင်တဲ့အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ်လို အင်တာနက်အလွယ်တကူအသုံးပြုနိုင်တဲ့အခါမှာတော့ နာမည်ကြီး လူကြိုက်များမှုကလည်း မျက်စိတစ်မှိတ်အတွင်းပါပဲ။ သင့်အနေနဲ့ သရုပ်ဆောင်အလုပ်၊ အဆိုတော်၊ မော်ဒယ်အလုပ်များကို စိတ်ဝင်စားပါက အင်တာနက်ပေါ် အလွယ်တကူတင်လိုက်ရုံနဲ့တင် နာမည်ကြီးသွားတာကတော့ IT ခေတ်ရဲ့အားသာချက်တစ်ခုပါပဲ။
သင်ရော ဘယ်လိုလုပ်ငန်းမျိုးကို စိတ်ဝင်စားပါသလဲ။ ဘွဲ့ရပြီးသွားတဲ့အခါ အနာဂတ်မှာ ဘယ်လိုအလုပ်မျိုး လုပ်ကိုင်ဖို့အတွက် ဆုံးဖြတ်ထားပါသလဲ။