ဉာဏ်ကောင်းခြင်းကို တိုင်းတာဖို့ရန်အတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျလေ့လာချက်များအပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့အပြုအမူကို ဆန်းစစ်ကာ ဒီလူသည် ဉာဏ်ကောင်းသောလူလား ဉာဏ်ရည်ထက်မြက်သောသူလားဆိုတာကို သိရှိနိုင်ပါတယ်။ ဉာဏ်ကောင်းသော တကယ့်ယောကျာ်းတွေမှာ ဘယ်လိုအမူအကျင့်အဆန်းများကို တွေ့ရှိနိုင်သလဲဆိုတော့…
သူတို့ရဲ့စားပွဲက အမြဲတမ်း ရှုပ်ပွနေခြင်း

Photo Source: Readersdigest
မီနီဆိုးတားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာစမ်းသပ်ချက်အရ စားပွဲခုံ (သို့) အခန်းက အမြဲတမ်းရှုပ်ပွနေတတ်သူတွေက သပ်သပ်ရပ်ရပ်နေတတ်သူတွေထက် အကြံဉာဏ်ကောင်းများ ပိုထွက်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုသူများက သူတို့ရင်ဆိုင်နေရသော ပြဿနာများကိုသာ အာရုံစိုက်နေရသောကြောင့် သပ်သပ်ရပ်ရပ်နေဖို့ကို ဦးစားမပေးဖြစ်ကြတော့တာပဲဖြစ်ပါတယ်။
သူတို့က အိပ်ရာဝင်နောက်ကျတတ်ကြတယ်

လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံတက္ကသိုလ်က ပြုလုပ်ထားတဲ့ လေ့လာချက်များအရ IQ မြင့်မားသူများက ညနက်တဲ့အထိ တော်တော်နဲ့ အိပ်မပျော်ကြတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် ထိုသူများက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စဉ်းစားတွေးခေါ်နေရတာကို နှစ်သက်ကြပါတယ်။
သူတို့က ရေအေးအေး ချိုးရတာကို နှစ်သက်ကြတယ်

ရေအေးအေးဖြင့် ရေချိုးခြင်း (သို့) ရေအေးထဲ ရေကူးခြင်းက သင့်ခန္ဓာကိုယ်ကို စွမ်းအင်များ ဖြည့်တင်းပေးနိုင်ပါတယ်။ ထိုကဲ့သို့ ရေအေးဖြင့် ရေချိုးခြင်းအားဖြင့် စိတ်ဖိစီးမှုများ၊ စိတ်ပင်ပန်းနွမ်းနယ်မှုများ လျော့ကျသွားပြီး မှတ်ဉာဏ်စွမ်းအားနှင့် စိတ်ခံစားချက်တို့ကို တိုးမြှင့်စေပါတယ်။
ဟိုခြစ်ဒီခြစ်နှင့် ပုံလျှောက်ဆွဲရတာကို ဝါသနာပါကြတယ်

ဉာဏ်ရည်ထက်မြက်သူတွေဆီမှာ တွေ့ရတတ်တဲ့ နောက်ထပ်အကျင့်တစ်ခုကတော့ ပုံလျှောက်ဆွဲခြင်းပဲဖြစ်ပါတယ်။ ထိုကဲ့သို့ ပုံရေးခြစ်ခြင်းက ပြဿနာအတွက် အဖြေရှင်နေခြင်းပဲဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ပုံရေးဆွဲတတ်သူတွေက သူတို့ရဲ့မှတ်ဉာဏ်ကို အလွယ်တကူပဲပြန်လည်မှတ်မိတတ်ကြတယ်လို့ သိရှိရပါတယ်။
နေ့စဉ်နေ့တိုင်း တရားထိုင်တတ်ကြတယ်

သင့်ရဲ့တနေ့တာကို ၁၂ မိနစ် (သို့) ၁၅ မိနစ်ခန့် တရားထိုင်ကာ အစပြုခြင်း (သို့) သင့်ရဲ့တနေ့တာကို တရားထိုင်ခြင်းဖြင့် အချိန်ကုန်ဆုံးခြင်းက သင့်ရဲ့ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်မားစေတယ်လို့ နယူးအင်္ဂလန် ဆေးသိပ္ပံဂျာနယ်က ဖော်ပြထားပါတယ်။ ထိုကဲ့သို့ တရားထိုင်ခြင်းက စိတ်ကို တည်ငြိမ်စေပြီး တီထွင်ကြံဆမှုစွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
Source: Thehealthy.com
