ယောကျ်ားများအနေနဲ့ ပွဲလမ်းသဘင်တွေသွားရင် အဝတ်အစားတွေရွေးချယ်ဝတ်ဆင်တတ်ဖို့လိုသလို သူငယ်ချင်းတွေနဲ့ အပြင်သွားလည်တော့မယ်ဆိုရင် အဝတ်အစားတွေ တွဲဖက်ဝတ်ဆင်တတ်ဖို့ လိုအပ်ပါတယ်။ ဘယ်သွားသွား ဖက်ရှင်တစ်မျိုးတည်းဆိုရင်တော့ အဆင်မပြေပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ယောကျ်ားများအတွက် တွဲဖက်ဝတ်ဆင်သင့်တဲ့ ဖက်ရှင်လေးတွေအကြောင်းပြောပြပေးလိုက်ပါတယ်။
(၁) သာရေဂျာကင်ဝတ်ဆင်ခြင်း

တကယ်လို သာရေဂျာကင်ဝတ်တော့မယ်ဆိုရင် အသစ်ဝယ်ပြီးပြီးချင်းမဝတ်ပါနဲ့။ မဝတ်ခင် အဟောင်းပုံစံ ဖြစ်အောင်လုပ်ပြီးမှာဝတ်ပါ။ သာရေဂျာကင်က ဟောင်းနွှမ်းမှအစစ်လို့လူတွေက ထင်ကြတာပါ။လူတော်တော်များများက ဝတ်တာကြာမှ ဟောင်းနွှမ်းသွားတာလို့ ထင်နေတတ်ကြတယ်။ ရေစိုနေတဲ့ အဝတ်တွေနဲ့ သုတ်ပေးတာက သာရေဂျာကင်ကို ပွတ်တိုက်ပေးပါ။ ဒါဆိုရင် အတော်အတန် ဝတ်ဆင်အသုံးပြုထားတဲ့ ဂျာကင် ပုံစံဖြစ်သွားပါလိမ့်မယ်။
(၂) ဂျင်းဘောင်းဘီနဲ့ ဘွတ်ဖိနပ်

ဒီဖက်ခေတ်မှာ လူငယ်တွေကြားရေပန်းစားနေတဲ့ ဖက်ရှင်ကတော့ ဂျင်းဘောင်းဘီနဲ့ sneakers (ဘွတ်ဖိနပ်) တွေတွဲဖက်ဝတ်ဆင်ကြတာပါပဲ။ ဒါကြောင့် တစ်ချို့ ကုမ္ပဏီကြီးတွေက sneakers နဲ့တွဲဖက်ဝတ်ဆင်ဖို့ဆိုပြီး ဂျင်းဘောင်းဘီတွေ သီးသန့်ထုတ်လုပ်ရောင်းချလာကြတယ်။ ဒီလိုတွဲဖက်ဝတ်ဆင်တဲ့အခါမှာ ဂျင်းဘောင်းဘီကို sneakers ကိုမဖုံးမိဖို့တော့ လိုပါတယ်။ ဒါမှ မိမိခြေထောက်က ရှည်နေတယ်လိုခံစားရစေမှာပါ။
(၃) ဘောင်းဘီတို

ဘောင်းဘီအတိုလေးတွေကတွဲဖက်မဝတ်တတ်ဘူးဆိုရင် တော်တော်ကြည့်ရဆိုးစေပါတယ်။ ဘောင်းဘီအတိုအရှည်က အလွန်အရေးကြီးပါတယ်။ အရမ်းကြီးတိုတာမကောင်းသလို၊ အရမ်းကြီးရှည်နေပြန်တော့လည်း အဆင်မပြေပါဘူး။ ဒူးအထက် ၁-၃ လက်မ လောက်ကွာနေတဲ့ ဘောင်းဘီတိုမျိုးတွေက အမျိုးသားတွေက အကောင်းဆုံးပါ။ cargo ဘောင်းဘီတိုလေးတွေကိုတော့ လုံးဝမဝတ်ဖို့ အကြံပေးပါရစေ။
(၄) ဂျင်းဘောင်းဘီအပွနှင့် ဘော်ဒီ Fit ရှပ်အင်္ကျီ

အခြားကိုက်ညီမဲ့အရာတွေနဲ့ တွဲဖက်ဝတ်ဆင်နိူင်သရွေ့တော့ အဝတ်အစားတိုင်းလိုလိုက ဖက်ရှင်ပါပဲ။ ဒါပေမဲ့ ရှပ်အင်္ကျီ အရှည်နဲ့ဂျင်းဘောင်ဘီးအကျပ်ကို တွဲဖက်ဝတ်ဆင်တာကတော့ အမျိုးသားတွေအတွက် ကြည့်ရဆိုးစေပါတယ်။ ဂျင်းဘောင်းဘီအပွနှင့်မိမိကိုယ်လုံးနဲ့ လိုက်ဖက်မဲ့ (fitting) ရှပ်အင်္ကျီ ကိုတွဲဖက်ဝတ်ဆင်ပေးဖို့ အကြံပေးချင်ပါတယ်။
Source: Bright Side
