မနက်ခင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်ရမှ နွားနို့တစ်ခွက်လောက်သောက်လိုက်ရမှ ကျေနပ်ကြတဲ့သူမျိုးတွေ ရှိပါတယ်။ ဒါက မနက်ခင်းကို အစပြုဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်သေးပါဘူး။ ယောကျ်ားတို့အတွက် တကယ်ကို အကျိုးယုတ်စေတဲ့ မနက်ခင်းအလေ့အကျင့်ဆိုးလေးတွေအကြောင်းပြောပြပေးသွားမှာပါ။

(၁) ရေပူချိုးခြင်း

Hot showers

ရေပူနဲ့ရေချိုးတာက အကြောအချင်တွေ ပြေစေပါတယ်။ မနက်ခင်း ရေပူနဲ့ချိုးမယ်ဆိုရင် အိပ်ရာပေါ်ပြန်သွားချင်တဲ့ စိတ်ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ရေအေးနဲ့ချိုးတာက ပိုကောင်းပါတယ်။ ရေအေးနဲ့မချိုးနိုင်ရင် ရေပူနဲ့အရင် ချိုးပြီး နောက်ဆုံးမှာ ရေးအေးနဲ့ ၁ မိနစ်လောက် ပြန်ချိုးပေးပါ။ ရေအေးနဲ့ ရေချိုးတာက တစ်နှစ်ကို ၉ ပေါင်ခန့် ကျစေပါတယ်။

(၂) မနက်ခင်းရေမချိုးတာ

Not starting the day with a shower

ဟားဗက်က ဆရာဝန်တွေရဲ့ပြောဆိုချက်အရ မနက်ခင်းရေးချိုးတဲ့အခါမှာ လန်းဆန်းတတ်ကြွစေပြီး ပြဿနာတွေကို လွယ်လွယ်ကူကူဖြေရှင်းဖို့ အထောက်အကူပြုကြောင်း ဆိုထားပါတယ်။ မနက်ခင်းရေချိုးခြင်းက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အကြံဉာဏ်အသစ်တွေ ရရှိစေပါတယ်။ ဒါကြောင့် မနတ်ခင်းရေမချိုးတဲ့ အကျင့်ကို ဖျောက်ဖို့ လိုအပ်ပါတယ်။

(၃) ဘလက်သောက်ခြင်း

 Drink black coffee

မနက်နိုးနိုးခြင်း ဘလက်ကော်ဖီ သောက်တာက cortisol ပါဝင်မှုနှုန်းကို မြင့်တတ်စေပြီး နှလုံးခုန်မြန်စေကာ စိုးရိမ်ပူပန်ခြင်းကို ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ဘလက်ကော်ဖီ သောက်ဖို့အကောင်းဆုံးအချိန်က အိပ်ရာထပြီး နောက် ၃ နာရီ သို့ ၄ နာရီ လို့ ဆိုထားပါတယ်။ မနက်ခင်း ဘလက်ကော်ဖီ သောက်တာကို မဖျောက်နိုင်ဘူးဆိုရင်တော့ ခရင် ဒါမှမဟုတ် နို့ ဖြစ်ဖြစ် ထည့်ပြီးသောက်ပေးသင့်ပါတယ်

(၄) ဖုန်းအကြာကြီးသုံးခြင်း

Checking your phone for a long time

တစ်နေ့တာလုံးမှာ မနက်ခင်းက အရေးကြီးပါတယ်။ ဒါကြောင့် မနက်ခင်းနိုးတာနဲ့ ဖုန်းကိုင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုန်းတာတွေ မလုပ်သင့်ပါဘူး။ အလုပ်နဲ့ ပက်သတ်တဲ့ အီးမေးလ်စစ်တာတွေကလည်း မလုပ်သင့်ပါဘူး။ ကိုယ်ကြိုက်တဲ့ သီချင်းကိုဖွင့် ကိုယ်ချစ်ခင်တဲ့သူတွေကို အချိန်ပေးပြီး အရသာရှိတဲ့ အစားအစာတွေကို ချက်ပြုက်စားသောက်တာက မနက်ခင်းကို ပိုမိုပြည့်စုံစေပါတယ်။

Source: Bright Side