ဗိုက်အောင့်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အစာမကြေလို့အောင်တာ၊ အစာအိမ်နာလို့ အောင့်တာ၊ လေးထိုးလို့အောင့်တာ စသဖြင့် အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဗိုက်အောင့်ရင် သက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။
ပူစီနံကို အရင်ခေတ်ကတည်းက ဆေးဝါအတွက် အသုံးပြုကြပါတယ်။ ပူစီနံဟာ ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခြင်းကို သက်သာစေပါတယ်။ ပြီးတော့ ခံတွင်းအနံ့ ကိုလည်းကောင်းစေရုံသာမက အကိုက်အခဲပျောက် ဆေးအဖြစ်လည်း သုံနိုင်ပါတယ်။ပူစီနံကို ရေနွေးထဲ ခပ်ပြီးသောက်နိုင်သလို တချို့တွေကတော့ ထမင်းစားရင်းနဲ့ တို့စရာပုံစံမျိုးစားကြပါတယ်။

Source : Freepik
ရေနွေးထဲကို သံပုရာသီး တခြမ်းလောက်ညှစ်ထည့်ပြီး သောက်ပေးပါ။ ဒါက ဗိုက်အောင့်တာကို သက်သာစေပါတယ်။ အချဉ် အရသာကို မကြိုက်ဘူးဆိုရင်တော့ သကြားအနည်းငယ်ထည့်ပြီးသောက်လို့ရပါတယ်။ဒါပေမဲ့ သံပုရာသီး ဒါမှမဟုတ် သကြားကို အလွန်အကျွံ မထည့်မိဖို့လိုအပ်ပါတယ်။
ဂျင်းကို အရင်ခေတ်တွေကတည်းက ဆေးဝါးအဖြစ်သုံးစွဲလာခဲ့တာပါ။ လေထိုးလို့ဗိုက်အောင့်တာနဲ့ အစာမကြေလို့ ဗိုက်အောင့်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ ဒါ့အပြင် အဖျားအနည်းငယ် ရှိနေရင်လည်း ဂျင်းပြုတ်ရည်ကို သောက်သုံးပေးလို့ရပါတယ်။
ဒိန်ချဉ်ဟာ အစာမကြေလို့ ဗိုက်အောင့်ခြင်းကို အကောင်းဆုံးသက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးတခွက်ပါ။ ဒါပေမဲ့ အဆီများတဲ့ဒိန်ချဉ်နဲ့ အချိုတွေအများကြီး ထည့်ထားတဲ့ဒိန်ချဉ်တွေကိုတော့ မသောက်ကြဖို့အကြံပေးချင်ပါတယ်။

Source : Freepik
တချို့သောသူတွေကတော့ ထမင်းစားပြီးတာနဲ့ သင်္ဘောသီးကို အချိုတည်းလေ့ရှိကြပါတယ်။ ဒါက ကောင်းတဲ့အလေ့အကျင့်တခုပါ။
သင်္ဘောသီး မှာပါဝင်တဲ့ papain အင်ဇိုင်းတမျိုးဟာ အစာကြေလွယ်စေပါတယ်။ ဒါကြောင့် အစာမကြေလို့ဗိုက်အောင့်ဗိုက်နာ ဖြစ်မှာ ပူစရာမလိုတော့ပါဘူး။
