ချစ်တယ်လို့ဘယ်လိုပဲ ပြောခဲ့ပြောခဲ့ တစ်ချို့ချစ်သူစုံတွဲတွေဟာ တစ်ယောက်ကို တစ်ယောက် ပြန်မဆုံပါရစေနဲ့လို့တောင် ဆုတောင်းပြီးခွဲသွားတာမျိုးတွေ ရှိပါတယ်။ ဘယ်သူပဲမှားလို့ဖြစ်စေ ဘာကြောင့်ပဲ လမ်းခွဲရသည်ဖြစ်စေ အချစ်ရေးတစ်ခုကတော့ ဒီအချိန်မှာ နိဌိတံသွားပြီဖြစ်ပါတယ်။ တကယ်တော့ စုံတွဲတွေ မကြာခင် ပြတ်တော့မယ်ဆိုတာ ရာသီဥတု ခန့်မှန်းချက်လို ခန့်မှန်းကြည့်လို့ရတဲ့ အချက်တွေ ရှိပါတယ်။

 ဟက်ဟက်ပက်ပက် စကားမဆိုတော့ဘူး

Angry young couple sitting back to back at home

Source : Freepik

သူနဲ့ကိုယ့်အကြား စကားချင်းတောင် မဖလှယ်ချင်တော့ဘူး။ သူပြောတာလည်း ကိုယ်မကြားချင်တော့ဘူးဆိုရင် အက်သံထွက်လာပြီလို့ဆိုနိုင်ပါတယ်။ တကယ်ဆိုရင် ကိုယ့်ချစ်သူဟာ ကိုယ်စကားအပြောချင်ဆုံးသူဖြစ်သင့်သလို သူစကားကို ကိုယ်အကြားချင်ဆုံးပဲ ဖြစ်နေမှ လက္ခဏာမှန်တယ်လို့ဆိုရမှာပါ။

ပတ်ဝန်းကျင်ကလည်း ပြတ်ဖို့တိုက်တွန်းနေတယ်

woman is stressed and anxious about the love problems between her husband

Source : Freepik

ဒါဆိုရင်တော့ ပြတ်ဖို့ပိုများပါတယ်။ နဂိုကတည်းက နဲ့နေတဲ့ ချစ်သူရည်းစား ဆက်ဆံရေးချည်တိုင်ဟာ တွန်းလှဲနေတာ ဖြစ်လို့စိတ်မခိုင်တဲ့တစ်နေ့ပြဿနာတွေ ဆက်တိုက်တွေ့ တဲ့အခါ ညောင်ညိုရိပ်မှာ လမ်းခွဲဖို့အလားအလာ များသွားပါပြီ။

ခံစားချက်တွေ ထုတ်မပြောတော့ဘူး

woman is stressed and anxious about the love problems between her husband

Source : Freepik

ကိုယ်အဆင်မပြေခဲ့တာတွေရော ၊ ပြေခဲ့တာတွေရော ၊ သူနဲ့ပတ်သက်လို့ကိုယ့်စိတ်အခြေအနေနဲ့တုန့်ပြန်ခဲ့ချင်တဲ့ အကြောင်းအရာတွေပါ ချပြပြီး တည့်တည့်လင်းလင်း ဖြေရှင်းဖို့မလုပ်တော့ဘူးဆိုတာ မကောင်းဆဲ့ အခြေအနေပါ။ တစ်ယောက်ကို တစ်ယောက် သံသယ ရှိလာပြီး ဒီသံသယကို မွေးထားကြရင်းနဲ့ပေါက်ထွက်လာတဲ့နေ့ပြတ်သွားတတ်ပါတယ်။

 အကောင်းမမြင်ချင်တော့ဘူး

Confused young woman gesturing with hand

Source : Freepik

ဘာရယ်မဟုတ်တာလေးနဲ့စိတ်မရှည်နိုင်တော့ဘူး။ တစ်ယောက်ရဲ့ အမှားသေးသေးလေးအပေါ် တစ်ယောက် နားလည်သည်းခံပေးမှုမျိုး ရှားပါးလာပြီဆိုရင်မကြာခင်မှာ ကွဲဖို့ရာခိုင်နှုန်းများလာပါပြီ။