ခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေကတော့ အားလုံးပဲ သိကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ခရီးတစ်ခု သွားတော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။
(၁) တစ်လကြို ပြင်ဆင်ပါ
Source: Freepik
ခရီးသွားမှာတော့ ဟုတ်ပါပြီ။ ဘယ်ကို သွားမလဲ ၊ ဘယ်သူတွေနဲ့သွားမလဲ ၊ ဘာနဲ့သွားမလဲ ၊ ဘယ်လောက် ကြာမလဲ ၊ ဘယ်မှာ တည်းမလဲ မေးစရာတွေ ရှိလာပါပြီ။ ဒီတော့ ခရီးစဉ်တစ်လျှောက်လုံးအတွက် တစ်လလောက် အချိန်ယူပြီး စီစဉ်ဖို့လုပ်ပါ။
(၂) ပိုက်ဆံစုပါ
Source: Freepik
ခရီးထွက်မယ်လို့စိတ်ကူးကတည်းက အိတ်ကပ်တစ်နေရာမှာ ပိုက်ဆံအပိုလေးတွေ စုစုထားရတော့မှာပါ။ နီးမှ ကပ်ပြီး ပိုက်ဆံ ရှာတာထက် တစ်လချင်းတစ်လချင်း ငွေ ၂ သောင်းတန်သည် ၃ သောင်း တန်သည် ဘေးကပ်ထားပြီး စုမယ်ဆိုရင် ငွေလည်း ပိုစုဖြစ်သလို ခရီးသွားချိန်မှာလည်း ပိုက်ဆံအိတ်ထဲ ငွေအလုံအလောက် ပါလာမှာ ဖြစ်ပါတယ်။
(၃) အသုံးအဆောင်တွေ စုထားပါ

Source: Freepik
လာမယ့် နိုဝင်ဘာ ၊ ဒီဇင်ဘာဆိုရင် ဆောင်းတွင်းကို ရောက်ပါပြီ။ အေးစက်စက်ဆောင်းရာသီမှာ ခရီးသွားရမှာ ဖြစ်လို့ဂျာကင်တို့ဆွယ်တာတို့အပြင် လိုအပ်ရင် ခေါင်းစွပ်တွေ ၊ ခြေအိတ်တွေလည်း အသစ်ဝယ်ရတော့မှာပါ။ ဒီအတွက် လိုအပ်တာလေးတွေ အခုကတည်းက တတ်နိုင်သမျှ ဝယ်ထားသင့်ပါတယ်။
(၄) ကျန်းမာအောင်နေပါ
Source: Freepik
ပျော်စရာခရီးစဉ်ဖြစ်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းကျန်းမာမာ ရှိနေအောင်လည်း ဂရုစိုက်ထားသင့်ပါတယ်။ ရေများများသောက် ၊ လမ်းများများလျှောက် ၊ ချွေးလေးဘာလေး ထွက်ပြီး ကိုယ်ရည်စစ်အောင် Gym လေးဘာလေး ကစား ၊ အစားအသောက် မှန်ဖို့လည်း ဆင်ခြင်မယ်ဆိုရင် ကျန်းမာရေး ကောင်းနေမှာပါ။ ကျန်းမာမှလည်း ခရီးသွားရတာ ပိုပျော်စရာကောင်းမှာပါ။