လူတွေမှာ မတူကွဲပြားတဲ့ ဗီဇနဲ့စရိုက်လက္ခဏာတွေ ရှိပါတယ်။ ဒီထူးခြားမှုတွေဟာ ကိုယ့်ကို အမြင့်ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ အဓိက Drivers တွေ ဖြစ်ပါတယ်။ အတော်များများဟာ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်ကို ထုတ်မသုံးတတ်တာကြောင့် ဘဝမှာ ဖြစ်သင့်သလောက် ဖြစ်မလာခဲ့ကြပါဘူး။ ကိုယ်ဟာ ဘယ်လိုလူလဲ။ ကိုယ့်ရဲ့ အားသာချက်တွေနဲ့ ပင်ကိုယ်ထူးခြားမှုတွေက ဘာတွေလဲသိအောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါတယ်။

(၁) Comfort Zone ကနေ ခုန်ကြည့်ပါ

Man jump through gaps between hills

Source: Freepik

အရင်ဆုံး ကိုယ့်ကိုယ်ကို Challenge လုပ်ရမှာပါ။ လက်ရှိ အေးဆေးတည်ငြိမ်ပြီး လှုပ်ခတ်မှု မရှိတဲ့ အခြေအနေထဲကနေ ရုန်းထွက်ပြီး အမှန်တကယ် ကိုယ်လုပ်ချင်ခဲ့တဲ့ အရာကို လက်တွေ့လုပ်ကြည့်ပါ။ ရုံးချိန်မဟုတ်တဲ့ အားလပ်ချိန်မှာ ခင်ဗျားအချိန်ကို ဘယ်လို ကုန်ဆုံးစေခဲ့သလဲ။ အဲဒီအရာက ခင်ဗျားဘဝအတွက် ဘယ်လောက် အရေးပါသလဲ။ အရင်က စမ်းမကြည့်ခဲ့တာမျိုးလည်း လုပ်သင့်ပါတယ်။

(၂) အချိန်ယူပြီး ဆန်းစစ်ပါ

Businessman looking out of abstract opening in wall

Source: Freepik

စိတ်ပညာအရ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့ နည်း သုံးဖို့လိုပါတယ်။ ဘဝတစ်လျှောက်လုံး ကိုယ်လုပ်ချင်ခဲ့တာ ဘာလဲ ။ အဲဒီအပေါ် ဘယ်လောက် ရူးသွပ်မှု ရှိနေလဲဆိုတာကို အချိန်ကာလအတိုင်းအတာ တစ်ခုအထိ ပေးပြီး ဆန်းစစ်ရမှာပါ။ ဒါကို အင်္ဂလိပ်လို Introspection လို့ခေါ်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်ထဲ စိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ရတာ ဖြစ်ပါတယ်။

(၃) မေးပါ

Businessman looking out

Source: Freepik

တကယ်လို့ကိုယ့်ကိုယ်ကို ဘယ်အပိုင်းမှာ ထူးခြားတယ်ဆိုတာ ပြန်မကြည့်နိုင်ရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်နဲ့ဆက်စပ်ပတ်သက်နေသူတွေဆီက အသံကို ရယူပါ။ သူတို့မျက်လုံးထဲက ကိုယ့်အပေါ် အမြင်ထဲက တစ်ချို့ဟာ ကိုယ့်ရဲ့ ဝှက်နေတဲ့ စွမ်းရည်ဖြစ်နိုင်ပါတယ်။

(၄) ကိုယ့်အားသာချက် ၊ အားနည်းချက်တွေ စာရင်းလုပ်ပါ

Double exposure of young businessman and city

Source: Freepik

မိုးလင်းကနေ မိုးချုပ်အထိ ကိုယ့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို စာရွက်တစ်ခုပေါ် ချရေးကြည့်ပါ။ တစ်ဆက်တည်း ကိုယ်တတ်ထားတဲ့ အတတ်ပညာ ၊ ဝါသနာနဲ့ကိုယ့်ရဲ့ အားသာချက်တွေကိုလည်း ချရေးပါ။ ဒီထဲမှာ ကိုယ်တကယ် လှုပ်ချင်ခဲ့တဲ့ အရာတွေ ပါပါစေ။ လူတွေမှာ အများနဲ့မတူဘဲ ထူးခြားတဲ့ စွမ်းရည်ကောင်းတွေ ရှိကြပါတယ်။ ဒီအချက်တွေ သိရဖို့စိတ်ရှည်ရှည်နဲ့အာရုံစိုက် အချိန်ပေးပြီး ဖော်ထုတ်သင့်ပါတယ်။