ဝက်ခြံပေါက်တာက တကယ့်ကိုစိတ်ညစ်စရာကောင်းပါတယ်။ တစ်ခါတစ်လေ နှာခေါင်းထိပ်မှာတောင်တတ်ပြီး ပေါက်တက်ပါသေးတယ်။ ဝက်ခြံပေါက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဒီနေ့ ဆောင်းပါးမှာတော့ ဝက်ခြံတွေကို ဘယ်လိုရှင်းထုတ်ကြ မလဲဆိုတဲ့ အကြောင်းပါ။
ဝက်ခြံတွေ ဘာကြောင့် ပေါက်ကြတာလဲ

Source : Freepik
ဆံစပ်နားနဲ့ နှားထင်မှာပေါက်တဲ့ ဝက်ခြံတွေက ဆံပင်သန့်ရှင်းမှု မရှိလို့ ဖြစ်နိူင်ပါတယ်။ ပြီးတော့ ဆံပင် တွေအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကြောင့်လည်းဖြစ်နိူင်ပါတယ်။ ဒါကြောင့် ခေါင်းကို နှရက်တခါ သုံးရက်တခါလောက် လျှော်ပေးသင့်ပါတယ်။
ပါးပေါ်မှာပေါက်တဲ့ ဝက်ခြံ – အများအားဖြင့် ဝက်ခြံတွေပေါက်တာက သန့်ရှင်းမှုမရှိလို့ပါ။ ပါးပေါ်မှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းကတော့ မျက်နှာနဲ့ ထိတွေ့တဲ့ အရာတွေ မသန့်တာ ဥပမာ ခေါင်းအုံး၊ ဆံပင်နဲ့ အလှပြင်ပစ္စည်းတွေက ညစ်ပက်နေရင် ဘက်တီးရီယားတွေ ပြန့်ပွားပြီး ဝက်ခြံ ဖြစ်ပေါ်လာစေတာပါ။
ဒါကြောင့် ခေါင်းအုံးဖုန်းကို ပုံမှန်လျှော်ဖွပ်ပေးတာ၊ အလှပြင်ပစ္စည်းတွေကို သန့်ရှင်းပေးတာတွေ ပုံမှန်လုပ်သင့်ပါတယ်။ ပြီးတော့ နေ့တိုင်းအချိန်တိုင်းနီးပါးသုံးနေရတဲ့ ဖုန်းရဲ့ သန့်ရှင်းရေးကိုလည်း မေ့မထားပါနဲ့။
နဖူးပေါ်မှာပေါက်တဲ့ ဝက်ခြံ – ဝက်ခြံကတော့ နေရာတကာပေါက်တဲ့ အမျိုးပါ။ နဖူးပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေကတော့ စိတ်နဲ့ဆိုင်ပါတယ်။ စိတ်ဖိစီးမှုများရင် ပေါက်လာတတ်ပါတယ်။ ဒါကြောင့် ဒီဝက်ခြံကို ရှင်းဖို့ ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။
စိတ်ဖိစီးမှုကို လျှော့ချစေမဲ့ အားကစားလုပ်တာ သီးချင်းနာထောင်တာတွေ ပြုလုပ်ပေးပါ။ ပြီးတော့ တကိုယ်ရေ သန့်ရှင်းရေးကိုလည်း မမေ့ပါနဲ့။
ဝက်ခြံကို ကာကွယ်ဖို့အတွက် ဘာတွေလုပ်ဖို့လိုအပ်မလဲ

Source : Freepik
အပြင်က ပြန်လာတိုင်း လက်ဆေးပါ။ ဖြစ်နိူင်ရင် မျက်နှာကို လက်နဲ့ မကြာခဏ ထိတွေ့ခြင်းမှာရှောကြည့်ပါ။ တနေ့ကို မျက်နှာနှစ်ကြိမ်ခန့် သစ်ပေးပါ။ ကိုယ်နဲ့ အဆင်ပြေမဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။
ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ ခေါင်းမှန်မှန် လျှော်ပါ။ ခေါင်းနဲ့ ထိတွေ့ရတဲ့ အရာတွေကို သန့်ရှင်းနေအောင်ထားပါ။
