မိန်းကလေးတွေရဲ့ အာရုံစိုက်မှုမခံချင်တဲ့ အမျိုးသားဆိုတာမရှိလောက်ဘူးထင်ပါတယ်။မိန်းကလေးပဲ ဖြစ်ဖြစ် ယောကျာ်လေးပဲ ဖြစ်ဖြစ် ဆန့်ကျင်ဘက်လူတစ်ယောက်ရဲ့ အကြည့်တွေ အာရုံစိုက်မှုတွေကို လိုချင်ကြတာချည်းပါပဲ။ကွီးတို့အနေနဲ့လည်း ကိုယ်သဘောကျတဲ့ မိန်းကလေးတစ်ယောက် (သို့) တခြားသောဆန့်ကျင်ဘက် မိန်းကလေးတွေရဲ့ အာရုံစိုက်မှုကိုလိုချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ရိုးရှင်းတဲ့နည်းလမ်းလေးတွေကိုလည်း လေ့လာကြည့်လိုက်ပါအုန်းနော်။
သပ်ရပ်တဲ့ဆံပင်စတိုင်

ဆံပင်ဆိုတာကလည်း လူတစ်ယောက်မှာ ဒုတိယမျက်နှာလို့ ဆိုကြတာဖြစ်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ပြောဆိုဆက်ဆံရာမှာလည်း ကိုယ့်ရဲ့ ဆံပင်ပုံစအများကြီးသက် ရောက်မှုရှိစေပါတယ်။ဘယ်လောက်ပဲ Branded တွေဝတ်ထားပါစေ ဆံပင်ဘုတ်သိုက်နဲ့ သပ်သပ်ရပ်ရပ်ဖီးလီးထားတာမျိုးမရှိဘူးဆိုရင် ကိုယ်ဆင်မြန်းထားတဲ့ ဖက်ရှင်တွေကါအလကားပါပဲ။ဒါကြောင့်မိန်းကလေးတွေရဲ့ စိတ်ကိုဆွဲဆောင်နိုင်ဖို့ဆိုရင် သန့်ရှင်းသပ်ရပ်တဲ့ ဆံပင်စတိုင်ကလည်းမပါမဖြစ်ပါပဲ။
နှစ်လိုဖွယ်အပြုံး

မိန်းကလေးတစ်ယောက်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်ဖို့ဆိုတာ ချိုသာတဲ့အပြုံးလေးတစ်ပွင့် တော့ရှိထားဖို့လိုပါတယ်။ရုပ်ချောတာ ရုပ်ဆိုးတာထက် နှစ်လိုဖွယ်ကောင်းပြီး ရိုးသားဖြူစင်တဲ့ အပြုံးပိုင်ရှင်ရှိသူတွေကို ကောင်မလေးတွေကပိုပြီး သဘောကျတက်ကြတာဖြစ်ပါတယ်။ဒီနေ့ကစပြီး ကောင်မလေးတွေကို ပြောဆိုဆက်ဆံရာမှာ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးလက်နက်လေးကိုထုတ်သုံးလိုက်ပါနော်။
လမ်းလျောက်တဲ့စတိုင်

လမ်းလျောက်တယ်ဆိုတာ သာမာန်နေ့တိုင်းလုပ်နေကြပဲမလို့ ထွေထွေထူးထူးထည့်စဉ်းစားစရာမလိုဘူးထင်ရင်မှားသွားပါလိမ့်မယ်။လူတစ်ယောက်ရဲ့ ခြေလှမ်းလေတွေကလည်း အဲ့လိုလူကဘယ်လိုလူမျိုးလဲဆိုတာ ပြောပြနေပါတယ်။မော်ဒယ်တွေလျောက်အထာ ကျကျလမ်းလျောက်တက်ဖို့မလိုပေမယ့် လမ်းလျောက်တဲ့အခါခါးကိုမတ်မတ်ထားပြီးလျောက်ပါ။လက်ပြင်ကုန်းမနေပါစေနဲ့။ခြေလှမ်းတိုင်းကိုယုံကြည်မှုရှိစွာလျောက်လှမ်းပါ။သင့်ရဲ့လမ်းလျောက်ပုံကစမတ်ကျနေတဲ့အခါ ဖြတ်သွားတဲ့ကောင်မလေးတိုင်းလှည့်ကြည်မယ်ဆိုတာမယုံမရှိပါနဲ့။
စကားအပြောအဆို

တစ်ချို့သောအမျိုးသားတွေစကားပြောဆိုပုံကိုတွေ့ဖူးကြားဖူးကြမယ်ထင်ပါတယ်။အသံသြဇာကောင်းကောင်း ၊ ကြည်လင်ပြတ်သားမှုရှိရှိနဲ့ ယောကျာ်းသားပီသစွာပြောဆိုတက်တဲ့အမျိုးသားတွေဟာ မိန်းကလေးတွေမပြောနဲ့ ယောကျာ်းလေးချင်းတောင်အားကျရပါတယ်။ဒါကြောင့်စကားပြောဆိုရာတည်ငြိမ်မှုရှိပါ။ကြည်လင်ပြတ်သားစွာနဲ့ ကိုယ်ပြောတဲ့ စကားတစ်ခုကိုယုံကြည်မှုရှိစွာပြောဆိုပါ။အမျိုးသမီးတွေကြွေရုံသာမက အမျိုးသားတွေပါ အားကျရသူဖြစ်ပါလိမ့်မယ်။
Photo : Freepik
