အစားအစာတွေကို မစားသင့်တဲ့အချိန်တွေမှာစားမိရင် လူကို ဘေးအန္တာရာယ် ဖြစ်စေပါတယ်။ ဥပမာ ပန်းသီးဟာ ကျန်းမာရေးအတွက်ကောင်းပေမဲ့ မစားသင့်တဲ့ အချိန်မှာ စားလိုက်မိရင် အူမကြီးအတွက် ပြဿနာဖြစ်စေပါတယ်။ ဒီနေ့ဆောင်းပါးမှာ ဘယ်အစားအသောက်တွေကို ဘယ်အချိန်မှာ မစားသင့်ဘူးလဲ ဆိုတာ ပြောပြပေးသွားမှာပါ။

ထမင်း

Rice

မြန်မာလူမျိုးတွေတော်တော်များများက မနက်စာကို ဖြစ်သလိုစားတတ်ကြပြီး နေ့လည်စာနဲ့ညစာကို တဝကြီးစားတတ်တဲ့ အကျင့်ရှိကြတယ်။ ထမင်းမှာ carbohydrates အများအပြားပါရှိပြီး အစာအိမ်က ချေဖျက်ဖို့အတွက် အချိန်အကြာကြီး ယူရလေ့ရှိပါတယ်။ဒါကြောင့် ညဘက်ထမင်းအများကြီးစားမယ်ဆိုရင် ဝိတ်တတ်စေပြီးတော့ အစာမကြေခြင်းကြောင့် အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မနက်စာနဲ့နေ့လည်စာကို များများစားပေးပြီး ညစာကို လျှော့စားသင့်ပါတယ်။

ငှက်ပျောသီး

banana

လူတော်တော်များများက မနက်စာအတွက် ငှက်ပျော်သီးကို ရွေးချယ်ကြပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက မနတ်ပိုင်း ဗိုက်ထဲမှာ အစာမရှိပဲနဲ့ ငှက်ပျောသီးစားရင် ခွန်အားတွေလျှော့နည်းစေပါတယ်။ စားပြီးအချိန်အနည်းငယ်ကြာတဲ့အထိတော့ အားအင်တွေပြည့်နေသလိုခံစားရပေမဲ့ နာရီအနည်းငယ်ကြာတဲ့အခါမှာ မောပန်းသလိုခံစားရတတ်ပါတယ်။ ပြီးတော့ ဝမ်းပြဿနဲ့ ဝမ်းလျှောခြင်းကိုလည်း ဖြစ်စေပါတယ်။အကောင်းဆုံးအကြံပေးချင်တာကတော့ မနက်ကို ငှက်ပျောသီးချည်းမစားပဲနဲ့ အခြားအစားအစာတစ်ခုခုနဲ့ ရောနှောပြီး စားသုံးပေးသင့်ပါတယ်။

ကော်ဖီ

Coffee

ယနေ့မှာ မနတ်ခင်းထတာနဲ့ ကော်ဖီလေးတခွက်သောက်တာက ပုံမှန်လိုဖြစ်နေပါပြီ။ တကယ်တော့ ဒါက ကျန်းမာရေးအတွက် ကောင်းတဲ့ အလေ့အကျင့်တခုတော့ မဟုတ်ပါဘူး။မနက်အိပ်ရာနိုးပြီး တစ်နာရီအတွင်းမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ cortisol ကိုထုတ်လုပ်ပါတယ်။ ဒီ လုပ်ငန်းစဉ်ကို သွားပြီးမနှောက်ယှက်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က ဒီလုပ်ငန်းစဉ်ကို အနှောက်အယှက်ဖြစ်စေတာကြောင့် အိပ်ယာနိုးနိုးခြင်း ကော်ဖီသောက်ခြင်းမှာ ရှောင်ကျဉ်သင့်ပါတယ်။

ပန်းသီး

apple

ပန်းသီးတွေက အမျှင်ဓာတ်တွေ ကြွယ်ဝပြီး သဘာဝ acids တွေပါဝင်တာကြောင့် အစာချေ စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ပန်းသီးကို ညနေခင်းအချိန်မှာစားမယ်ဆိုရင် ဝမ်းဗိုက်အတွင်းမှာ acids တွေစုလာပြီး ဗိုက်မအီမသာ ဖြစ်စေပါတယ်။ညဘက် ပန်းသီးစားခြင်းကလည်း အူမကြီးအတွက် ပြဿနာဖြစ်စေပါတယ်။ ပန်းသီးစားဖို့ အကောင်းဆုံးအချိန်ကတော့ မနက်ခင်းပါ။

နွားနို့

milk

နွားနို့က အစာအခြေဖို့အတွက် အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် မနက်ခင်း ကို နွားနို့နဲ့တခြားအစားအစာတွေ ရောနှောစားသောက်ခြင်းက ရင်ပူတာနဲ့ ဗိုက်နာခြင်းတို့ကို ဖြစ်စေပါတယ်။အိပ်ရာမဝင်ခင် နွားနို့သောက်တာက အကောင်းဆုံးပါ။

 

Source: Bright Side