စာဖတ်သူတွေထဲမှာ ဆံပင်တိုတို ထားရတာကို ကြိုက်နှစ်သက်သူများလည်း ရှိနိုင်သလို ဆံပင်အရှည်ထားရတာကို ကြိုက်နှစ်သက်သူတွေလည်း ရှိနိုင်ပါတယ်။ ဆံပင်တိုတိုရှည်ရှည် အဓိကကတော့ ကိုယ့်ဆံပင်ကို သေသေသပ်သပ်ဖြီးလိမ်းပြင်ဆင်ထားဖို့ပဲဖြစ်ပါတယ်။

ဆံပင်အတိုထားခြင်းရဲ့အားသာချက်ကတော့ ဖြီးလိမ်းပြင်ဆင်ရလွယ်ကူပြီး ခေါင်းလျှော်၊ ဆံပင်သုတ်တဲ့အချိန်မှာလည်း အချိန်ကုန်သက်သာခြင်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဆံပင်အတိုညှပ်မယ်လို့ စိတ်ကူးထားရင်လည်း ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မယ့် ဆံပင်စတိုင်လ်မျိုးကို ရွေးချယ်သင့်ပါတယ်။

short hairstyle for men

Photo Source: Thetrendspotter.com

ဒါ့အပြင် မိမိဆံပင်အထူအပါးပေါ် မူတည်ပြီး ညှပ်ရမယ့် ဆံပင်စတိုင်လ်ကလည်း အမျိုးမျိုး ပြောင်းလဲသွားပါတယ်။ မိမိသွားညှပ်မယ့် ဆံသဆရာက ကျွမ်းကျင်တဲ့ဆံသဆရာဖြစ်ဖို့လည်း လိုပါတယ်။ နို့မဟုတ်ရင် ဆံပင်ညှပ်ပြီးသွားလို့မှ စိတ်တိုင်းမကျရင် ဆံပင်ပြန်ရှည်လာတဲ့အချိန်အထိ ပြန်စောင့်ရမှာပါ။

စာဖတ်သူအနေနဲ့ ဆံပင်အတိုဖက်ရှင်ကိုသာ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ယနေ့ခေတ်မှာ ဘယ်လိုဆံပင်စတိုင်လ်များက ခေတ်စားနေသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

short haircut fashion for men short haircut fashion for men short haircut fashion for men short haircut fashion for men short haircut fashion for men short haircut fashion for men short haircut fashion for men short haircut fashion for men short haircut fashion for men

Source: Pinterest.com