အသားအရေထိန်းသိမ်းခြင်းက မိန်းကလေးတွေပဲ ပြုလုပ်ရတာမဟုတ်ပါဘူး။ ယောကျာ်းများအတွက်ပါ ကျင့်သုံးသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားများက အမျိုးသမီးများလို အသားအရေနဲ့ ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်း မမေးရဲကြပါဘူး။ သူတို့ရဲ့စိတ်ထဲမှာ Skincare က အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တဲ့အရာတစ်ခုအဖြစ် ယူဆနေကြသေးလို့ပါပဲ။

ဒါ့ကြောင့် ဒီဆောင်းပါးလေးထဲမှာတော့ Skincare အကြောင်း စိတ်ဝင်စားပေမယ့် ပွင့်ပွင့်လင်းလင်း မမေးရဲကြတဲ့ ယောကျာ်းများအတွက် သိသင့်သိထိုက်တဲ့အကြောင်းအရာတချို့ကို ဝေမျှပေးလိုက်ရပါတယ်။

ကျောကုန်းမှာ ဝက်ခြံပေါက်ခြင်းကို ဘယ်လိုဖယ်ရှားရမလဲ။

skincare tips for men

Photo Source: Tiege.com

Gym မှာ အကြာကြီးအချိန်ဖြုန်းခြင်းက သင့်ခန္ဓာကိုယ်အတွက် ကောင်းပေမယ့် သင့်အသားအရေအတွက်တော့ မကောင်းပါဘူး။ လေ့ကျင့်ခန်းပြုလုပ်ထားတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ထွက်တဲ့ချွေးနဲ့ ဘက်တီးရီးယားများ၊ အညစ်အကြေးများ အဆီများ စုပေါင်းသွားတဲ့အခါ ဝက်ခြံများ ဗရပွ ထွက်လာတတ်ပါတယ်။

ကျောကုန်းမှာ ဝက်ခြံပေါက်ခြင်းကိုတော့ ရေနိုင်နိုင်ချိုးပေးရုံနဲ့ ရပါတယ်။ အိပ်ရာခင်း နေ့တိုင်း ဖုန်ခါပေးပါ။ တစ်ပတ်တစ်ခါခန့် မှန်မှန်လဲပေးခြင်းအားဖြင့် သင့် ကျောကုန်းမှာ ဝက်ခြံပေါက်ခြင်းကို လျှော့ချနိုင်ပါတယ်။

တစ်ပတ်ကို ဘယ်နှကြိမ်ခန့် မျက်နှာပေါင်းတင်သင့်သလဲ။

skincare tips for men

Photo Source: Particleformen.com

တစ်ပတ်ကို နှစ်ကြိမ် (သို့) သုံးကြိမ်ခန့် မျက်နှာပေါင်းတင်သင့်ပြီး မိမိအသားအရေနဲ့ လိုက်ဖက်မယ့် လိုက်ဖက်မယ့် ပေါင်းတပ်နည်းကိုသာ အသုံးပြုသင့်ပါတယ်။ အိမ်တွင်း ပေါင်းတင်နည်းများဖြင့် သဘာဝအတိုင်း ပေါင်းတင်နိုင်သလို အလုပ်ရှုပ်မခံချင်သူများကတော့ အလှကုန်ဆိုင်များမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ပေါင်းတင်ကပ်ခွာများဖြင့် ပေါင်းတင်ပေးလိုက်ရုံပါပါပဲ။

တစ်ခုသတိထားရမှာတော့ သင့် အသားအရေအမျိုးအစားက အဆီပြန်တဲ့အသားအရေလား၊ ခြောက်သွေ့တဲ့အသားအရေလား၊ ဝက်ခြံပေါက်တဲ့အသားအရေလားဆိုတာကို ကွဲကွဲပြားပြားသိထားဖို့လိုပါတယ်။ ကိုယ့်အသားအရေနဲ့ မလိုက်ဖက်တဲ့ မျက်နှာပေါင်းတင်ကပ်ခွာကို အသုံးပြုမိတဲ့အခါ သင့်အသားအရေက ဝက်ခြံတွေ ဗရပွ ထွက်လာပါလိမ့်မယ်။

Body Scrub ပြုလုပ်ဖို့ရော လိုအပ်ရဲ့လား။

skincare tips for men

Photo Source: Tiege.com

မျက်နှာအသားအရေတစ်ခုတည်းတင်မကဘဲ ခန္ဓာကိုယ်အသားအရေကိုပါ ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ Body Scrub ကလည်း ခန္ဓာကိုယ်ကြေးချွတ်ခြင်းဖြစ်ပြီး တစ်ပတ်ကို နှစ်ကြိမ်ခန့် ကြေးချွတ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ယခုဆိုလျှင် Cosmetic ဆိုင်တွေမှာ Body Scrub များကို အလွယ်တကူ ဝယ်ယူနိုင်တာကြောင့် အိမ်မှာ ဖော်စပ်ရတဲ့ဒုက္ခကနေ ကင်းဝေးသွားပါပြီ။ ရေချိုးတဲ့အချိန်မှာ Scrub တိုက်ပေးခြင်းအားဖြင့် သင့်အသားအရေကလည်း နူးညံ့စိုပြေသွားပါလိမ့်မယ်။

Source: Drdoppelt.com