ဘောင်းဘီအတို ကြိုက်နှစ်သက်တဲ့ ယောကျာ်းများအတွက် အားသာချက်များကတော့ အများအပြားပါပဲ။ အထူးသဖြင့် နွေရာသီမှာ ဘောင်းဘီအတို ဝတ်ဆင်ခြင်းအားဖြင့် ဖက်ရှင်လည်းကျ အပူဒဏ်လည်း သက်သာတဲ့အပြင် လျှော်ဖွတ်ရတာလည်း လွယ်ကူပါတယ်။
ဒါပေမဲ့ တစ်ခုသတိထားရမှာကတော့ ဘယ်လောက်ပဲ လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်စတိုင်လ်မျိုးဖြစ်နေပါစေ ရုံးလုပ်ငန်းခွင်နဲ့ ပတ်သက်တာမျိုး၊ အရေးကြီးတဲ့ ပွဲတက်အခမ်းအနားများ၊ မင်္ဂလာဆောင်ပွဲများ တက်တဲ့အခါ ဘောင်းဘီတိုဖက်ရှင်နဲ့ မတင့်တယ်တာကြောင့် မိမိသွားမယ့်နေရာဒေသကိုတော့ လိုက်ညှိသင့်ပါတယ်။
ဘောင်းဘီတို ဖက်ရှင် ကြိုက်နှစ်သက်သူများအတွက် ပုံစံမတူညီကြတဲ့ ဘောင်းဘီတိုဖက်ရှင်များကတော့…
စမတ်ကျတဲ့ ဘောင်းဘီတိုဖက်ရှင်

လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဖက်ရှင်

အားကစားသမားများအတွက် လွတ်လပ်ပေါ့ပါးတဲ့ဘောင်းဘီတိုဖက်ရှင်

သားရေကြိုးဖြင့် အလျော့အတင်းလုပ်နိုင်တဲ့ ဘောင်းဘီတိုဖက်ရှင်

ကိုယ်တိုင်းဖြင့် ချုပ်ထားသော ဘောင်းဘီတိုဖက်ရှင်

ဘောင်းဘီအပွဖက်ရှင်

သင်ရော ဘယ်လိုဖက်ရှင်မျိုးကို အကြိုက်နှစ်သက်ဆုံးလဲ။
Source: Thetrendspotter.net
