တစ်ချို့နိုင်ငံတွေမှာ တတ်တူးတချို့က ထိုးထားတဲ့သူတွေကို တကယ်ဒုက္ခရောက်စေနိုင်ပါတယ်။ တစ်ချို့ တတ်တူးထိုးတဲ့သူတွေက ဒါတွေကို မသိကြဘူး။ မသိပဲ ထိုးလိုက်တော့ ဒုက္ခတွေ ရောက်ကြတော့တာပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ တတ်တူးထိုးတာနဲ့ ပတ်သတ်ပြီး ထူးခြားတဲ့ စည်းမျည်းတွေရှိတဲ့ နိုင်ငံတွေကို ဖော်ပြပေးသွားမှာပါ။
ဂျပန်

ဂျပန်နိုင်ငံမှာYakuza အဖွဲဝင်တွေပဲYakuza ပုံကိုတတ်တူးထိုးထားခွင့်ရှိပါတယ်။ ဒီ Yakuza ဟာ ဂျပန်နိုင်ငံမှာ စွမ်းအားအကြီးဆုံးနဲ့ သွေးမြေအကျဆုံး ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ ဂိုဏ်းအဖွဲ့ကြီးပါ။ ဂျပန်နိုင်ငံမှာ Yakuza အဖွဲ့ဝင်မဟုတ်ပဲနဲ့ Yakuza ပုံကို တတ်တူးထိုးထားမယ်ဆိုရင်တော့ ပြဿနာ အကြီးကြီးတတ်ဖို့သာ ပြင်ထားပေတော့။
ထိုင်း

ထိုင်း နိုင်ငံလူဦးရေအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေကို အထွဋ်အမြတ်ထား ကိုးကွယ်ယုံကြည်ကြပါတယ်။သူတို့နိုင်ငံမှာ ဗုဒ္ဓဆင်းတုတော်ပုံတွေကို လူတွေရဲ့ကိုယ်ပေါ်မှာ တတ်တူးထိုးထားခြင်းက သူတို့ဘာသာကို စော်ကားရာရောက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ ဗုဒ္ဓဆင်းတုတော်ပုံတွေကို ကိုယ်ပေါ်မှာ ထိုးထားတဲ့ နိုင်ငံခြားသားတော်တော်များများကို ပြည်နှင်ဒဏ် ပေးခဲ့ဖူးပါတယ်။
ဒိန်းမက်

ဒိန်းမက်နိုင်ငံမှာ လက် ဒါမှမဟုတ် မျက်နှာ စတဲ့နေရာတွေကို တတ်တူးထိုးခွင့်ပိတ်ပင်ထားပါတယ်။ ၁၉၆၆ ခုနှစ်ကတည်းက လူတစ်ယောက်ရဲ့ လက်၊ လည်ပင်း ဒါမှမဟုတ် မျက်နှာ စတဲ့နေရာတွေကို တတ်တူးပုံ ထိုးတာဟာ တရားမဝင် အဖြစ် သတ်မှတ်ထားခဲ့တာပါ။ဒါပေမဲ့ ဒီဘက်ခေတ်ရောက်လာတဲ့အခါမှာတော့ လူတွေကို ဒီဥပဒေ ရှိတာကို မေ့လာကြတယ်ထင်ပါတယ်။ ဒိန်းမက်လူမျိုးတွေကိုယ်ပေါ်မှာ တတ်တူးတွေ တွေ့လာရပါပြီ။
မြောက်ကိုးရီးယား

မြောက်ကိုးရီးယား မှာကျတော့ တတ်တူးထိုးခွင့်ကို ပိတ်ပင်မထားပေမဲ့ ထိုးမဲ့ တတ်တူးစားလုံးတွေကိုတော့ အစိုးရက တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။ သူတို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေက နည်းနည်း ရှုပ်ထွေးပါတယ်။ ဥပမာ love ဆိုတဲ့ စကားလုံးထိုးမယ်ဆိုရင် မိသားစုအတွက် ရည်ရွယ်ပြီးထိုးခွင့်မရှိပါဘူး။ ဒါပေမဲ့ တိုင်းပြည် နဲ့ နိုင်ငံရဲ့တစ်ပါတီတည်းသော ပါတီအတွက် ရည်ရွယ်ပြီးထိုးရင်တော့ အဆင်ပြေပါတယ်။
မြောက်ကိုးရီးယားနိုင်ငံအတွင်းမှာ ကျော်ကြားတဲ့ တတ်တူးစာတန်းတစ်ခုကတော့ “Defense of the Motherland” (အမိမြေကို ကာကွယ်ပါ) ဆိုတဲ့ စာတန်းပါပဲ။ များသေားအားဖြင့် တတ်တူးရှိတဲ့ မြောက်ကိုးရီးယားအမျိုးသမီးတွေဟာ ဆိုးရွားတဲ့ မိသားစုကနေ ပေါက်ဖွားလာတယ်လို့ ယူဆလို့ရပါတယ်။
