ပိုက်ဆံရှိမှ ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုတာ လွယ်ပါတယ်။ အရင်းအနှီးနည်းနည်းနဲ့ (တစ်ခါတစ်လေ) ပိုက်ဆံတောင် သိပ်မလိုဘဲနဲ့ လုပ်လို့ရတဲ့ အလုပ်တွေလည်း ရှိပါတယ်။

(၁)  အွန်လိုင်းအိမ်အကူ ဝန်ဆောင်မှု

mother and daughter decorate cookies. happy family in making homemade pastry.

Source: unsplash

နိုင်ငံရပ်ခြားမှာ အွန်လိုင်းကနေ ဝန်ဆောင်မှုပေးတဲ့ အလုပ်တွေ သိပ်ခေတ်စားပါတယ်။ ဒီမှာတော့ သိပ်ပြီး လူသိနည်းသလို အထင်လည်း သေးတဲ့ အလုပ်မျိုးပါ။ တကယ်တော့ ဒီအလုပ်မျိုးက တကယ်လက်တွေ့ကျသလို ဝင်ငွေကောင်းရနိုင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။

ကိုယ့်အနီးနားက အိမ်နီးချင်းရဲ့ ကလေးထိန်းပေးတာ ၊ အိမ်တွင်း သန့်ရှင်းရေး လုပ်တာနဲ့ ခွေးကျောင်းပေးတာတို့အပြင် နောက်ဆုံး အိမ်နီးချင်းကလေးတွေကို အချိန်ပိုင်း စာပြပေးတာကအစ လုပ်လို့ရပါတယ်။ ဒီအတွက် ပိုက်ဆံတစ်ကျပ်မှ ကုန်စရာ မလိုပါဘူး။

(၂) အတိုင်ပင်ခံလုပ်ငန်း

Two content business partners discussing issue

Source: unsplash

အလုပ်တစ်ခုမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအတွက် ဒီအလုပ်ကနေ နားတဲ့ တစ်နေ့တောင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများ အသုံးချပြီး အလားတူ အလုပ်မျိုးမှာ ပြင်ပအတိုင်ပင်ခံအဖြစ် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ အလွတ်တန်း အတိုင်ပင်ခံအဖြစ်လည်း လုပ်နိုင်သလို ကိုယ်ပိုင် လုပ်ငန်းထောင်ပြီးတော့လည်း ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆိုင်ရာ အကြံပေး ဝန်ဆောင်မှုလုပ်ပြီး ဝင်ငွေကောင်းနဲ့ ရပ်တည်နိုင်မှာပါ။

(၃) အိမ်တွင်းလက်မှု အသေးအဖွဲ ဖန်တီးခြင်း

High angle man carving art pieces

Source: pixabay

တကယ်တော့ လူတိုင်း အမှတ်တမဲ့ နေမိတတ်တဲ့ တစ်ကိုယ်ရည် ကျွမ်းကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ပါတယ်။ ဥပမာ- ပလတ်စတစ်အမှိုက်ကနေ ဒီဇိုင်းလှပတဲ့ ဖုန်းအိတ်ကလေးတွေ ၊ လွယ်အိတ်လေးတွေနဲ့ ခွက်ကလေးတွေ ဖန်တီးတာလို Recycle Art မျိုးပါ။ အပြင်ကနေ ကြည့်ရင် ဒါဟာ ဈေးကွက်ဝင် ရောင်းကုန်မဟုတ်ဘူးလို့ ထင်ပါလိမ့်မယ် ။

တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ ကုမ္ပဏီထောင်နိုင်ပါတယ်။ သင့်ရဲ့ ဖန်တီးမှုကို အွန်လိုင်း Shopping Platforms တွေကနေ ရောင်းနိုင်သလို နောက်ဆုံး Facebook မှာ Page ထောင်ပြီးတော့တောင် ရောင်းချနိုင်ပါတယ်။

(၄) အသေးစားစီးပွားရေး လုပ်ငန်း

Handsome man driving in his car

Source: unsplash

ဒီလုပ်ငန်းမျိုးက ကျယ်ပြန့်ပါတယ်။ အရပ်ဒေသအလိုက် အသေးစား စီးပွားရေး လုပ်စရာပေါပါတယ်။ နောက်ဆုံး ကိုယ်က ကားမောင်းတတ်တယ်ဆိုရင် အခု အက်ပလီကေးရှင်းနဲ့ ကားခေါ်လို့ရတဲ့ Grab တို့ Uber တို့မှာ သွားပြီး ယာဉ်မောင်းဝန်ဆောင်မှု လုပ်နိုင်ပါတယ်။

ဒီကနေမှ ရတဲ့ ငွေကြေးကို စုဆောင်းပြီး ကားနဲ့ ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်းသေးသေးလေးတွေ ထောင်လို့ရပါတယ်။ တစ်ခုရှိတာက ဒီလုပ်ငန်းမျိုးက Startup ဖြစ်တဲ့အတိုင်း အရင်းအနှီးနဲ့ နည်းပညာလိုပါတယ်။ ဒီအတွက်တော့ အချိန်ပေးလေ့လာပြီး စနစ်တကျ စီးပွားရှာရမှာ ဖြစ်ပါတယ်။

(၅) အွန်လိုင်း Resale

Source: unsplash

အရောင်းအဝယ်ဆိုတာ ကမ္ဘာဦးစီးပွားရေးပါ။ ဘယ်တော့မှ တိမ်ကောမှာလည်း မဟုတ်ပါဘူး။ တစ်ခုရှိတာက အခုပြောတဲ့ ပြန်ရောင်းတယ်ဆိုတာ ကိုယ့်အနေနဲ့ ငွေစိုက်ဝယ်ပြီး ပြန်ရောင်းတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ သစ္စာရှိမှုကို အရင်းတည်ပြီး စက်ရုံတွေ ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ပြီး အေးဂျင့်တစ်ယောက်လို အရောင်းအဝယ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီဝန်ထမ်း ဖြစ်ဖို့မလိုပါဘူး။

တစ်ချို့တွေကျတော့လည်း ထူးထူးခြားခြား ကျွမ်းကျင်ရာတစ်ခုခုကို အွန်လိုင်းမှာ လူသိများအောင် လုပ်ပြီး ဝင်ငွေကောင်းနေတာ ရှိပါတယ်။ ဥပမာ- Facebook / YouTube စတဲ့ လူမှုကွန်ရက်ချန်နယ်တွေကနေ အချက်အပြုတ်နည်းလေးတွေကို Video လေးတွေ တင်ပြီး နာမည်ကြီး Vlogger တွေ ဖြစ်လာတာ ရှိပါတယ်။ ဒါတွေကတော့ ပြောခဲ့သလို တကယ့်ကျယ်ပြန့်တဲ့ ကိုယ်ထူကိုယ်ထ လုပ်ငန်းတွေ ဖြစ်ပါတယ်။