အထက်တန်းကျောင်းသားဘဝတုန်းက ကိုယ်ကြွေခဲ့ဖူးတဲ့ ကောင်မလေးရဲ့ ရင်ခုန်စရာအကြည့်ကို ဝှက်စာဖော်သလို အဓိပ္ပါယ်ရှာခဲ့ဖူးပါသလား။ အဲဒါ သူမရဲ့ တုန့်ပြန်မေတ္တာအရိပ်အယောင်များလား။ တကယ်က ကောင်မလေးတစ်ယောက် ချစ်မိလာရင် သူလည်း အချစ်ကို တစ်နည်းနည်းနဲ့ မြင်သာအောင် ဖော်ပြတတ်ပါတယ်။ အခုပြောမယ့် သင်္ကေတတွေထဲက တစ်ခုခုနဲ့ပေါ့။

Cheerful lady talking with husband at balcony. charming young woman drinking tea at terrace

Source : Freepik

တစ်ခု ဖြည့်ပြီး ပြောချင်တာက တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကိုယ်ရှိတဲ့ ဘက်ကို ဖျပ်ခနဲ လှည့်ကြည့်ကြည့်ပြီး ရီတတ်တာကလည်း ကိုယ့်အပေါ် စိတ်ဝင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်မလေးတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ ကောင်လေးကို ကြည့်လိုက်တိုင်း သူ့မျက်လုံးတွေဟာ ကြည်ကြည်နူးနူး ပြုံးတဲ့ အရိပ်အယောင် ပေါ်လာတတ်ပါတယ်။တစ်ခါတစ်လေ ကိုယ်ပြောလိုက်တဲ့ ဟာသလေးတစ်ခုပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောတတ်တာဟာလည်း ရှေ့ဆက်တိုးဖို့ အလားအလာကောင်းတဲ့ သဘောပါပဲ။

မျက်လုံးတွေဟာ သိပ်ကို စွမ်းအား ကြီးပါတယ်။ အထူးသဖြင့် ကိုယ်ရင်ခုန်နေသူရဲ့ မျက်လုံးတောက်တောက်လေးတွေကို မြင်ရတဲ့ အခါမျိုးမှာဆို ခြေဖျားလက်ဖျားတွေပါ အေးတဲ့အထိ စွမ်းအားရှိပါတယ်။ ကောင်မလေးတစ်ယောက်နဲ့ ခဏခဏ အကြည့်ချင်း ဆုံနေတတ်ပြီး သူ့အကြည့်တိုင်းဟာ ရွှန်းလဲနေတယ်ဆိုရင် အတော်လေးကို အခြေအနေကောင်းနေပါပြီ။ကိုယ့်ရှေ့မှာ ခဏတိုင်းဆိုသလို ဆံပင်တွေ သပ်တင်တာ ၊ လက်ကို ဘယ်လို ထားရမလဲ အိုးတိုးအမ်းတမ်း ဖြစ်နေတာဟာ အဆင်ပြေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

Laughing couple sitting on the floor at home. enjoy spending time together

Source : Freepik

ရုံးမှာဆို အသေးအဖွဲအကူအညီလေးတွေ ခဏခဏတောင်းတတ်တဲ့ ကောင်မလေး ၊ ကျောင်းမှာဆို ကိုယ့်ကို စာလာလာမေးတတ်တဲ့ (တစ်ချို့သူတွေကိုတော့ သူတို့ကပဲ စာပြန်ပြန်ရှင်းပြတာတို့ ၊ ကျောင်းပျက်တဲ့ နေ့အတွက် စာကူးပေးထားတာတို့ ) ကောင်မလေးတစ်ယောက်ရှိနေရင် ထူးဆန်းတယ်လို့ အတွေးများ မဝင်မိဘူးလား။ မိန်းကလေးတွေဟာ ကောင်လေးတစ်ယောက်ကို အကြောင်းမဲ့ ခဏတိုင်း အကူအညီမတောင်းတတ်ပါဘူး။ဒီလိုမျိုး အကူအညီလာတောင်းတယ်ဆိုတာဟာ ကိုယ်နဲ့ သူ့အကြား တံတားတစ်စင်းထိုးပေးထားတာပါ။ ကိုယ် ဖွင့်ပြောရဲတဲ့နေ့ ရောက်ဖို့ရှေ့တစ်လှမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ပုဂ္ဂလိကဘဝအကြောင်း သိချင်တဲ့ အပြင်လူ များများစားစား မရှိပါဘူ။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အခန်းဖြစ်ပြီး ပြင်ပနယ်ပယ်နဲ့ ကင်းလွတ်နေတဲ့ ဇုန်တစ်ခုလည်း ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝပေါ် စိတ်ဝင်စားခြင်းဟာ ကိုယ့်အပေါ် စိတ်ဝင်စားတာလို့ မှတ်ယူနိုင်ပါတယ်။ တကယ်လို့ ကံကောင်းမယ်ဆိုရင် ဒီအနေအထားဟာ သူစိမ်းဘဝကနေ ပိုပြီး နီးစပ်တဲ့ ဘဝကို သွားဖို့ အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ဒီခေတ်မှာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် တွေ့ပြီး စကားပြောဖို့ ခက်လာပါပြီ။ အွန်လိုင်းမှာ Facebook မှာပဲ စကားတွေ ပြောဖြစ်ကြတာပါ။ ဒါပေမယ့်လည်း မိန်းကလေးအသိတစ်ယောက်က ကိုယ့်ကို မက်ဆေ့တွေ ခဏခဏ ပို့လာပြီဆိုရင် ထူးဆန်းလာပါပြီ။

Laughing couple sitting on the floor at home. enjoy spending time together

Source : Freepik

ပုံမှန်ဆို မိန်းကလေးတွေဘက်က သူနဲ့ သိပ်မရင်းနှီးတဲ့သူကို အချိန်ပေးပြီး စကားပြောလေ့ မရှိပါဘူး။ ဒါဟာ ကိုယ့်ကို စိတ်ဝင်စားနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။မိန်းကလေးတွေဟာ အလှအပမှာ ပိုပြီး အကဲဆတ်ပါတယ်။ ဒါကြောင့်ပဲ သူ့ပတ်ဝန်းကျင်က ရင်းနှီးသူတွေကို ငါလှလားဟင် ဆိုပြီး မေးတတ်တာပါ။ ဒီလိုပဲ သူကြိတ်ခိုက်နေတဲ့ ကောင်လေးကိုလည်း အလားတူ မေးခွန်းတွေ မေးတတ်ပါတယ်။ Facebook မှာဆို သူမပုံတစ်ပုံတင်ထားရင် ဘယ်သူတွေ Love React ပေးသလဲဆိုတာကို အမြဲ ဂရုစိုက်တတ်ပါတယ်။

အချိန်အတော်လေး ကြာတဲ့အထိ ကိုယ်တို့ ပြောခဲ့တဲ့ Chat box ထဲက မက်ဆေ့အဟောင်းလေးတွေကို သတိတရနဲ့ ရှိတာဟာ ကိုယ့်အပေါ် စိတ်ဝင်စားနေလို့ပါ။ ကိုယ့်ကို သဘောကျနေတဲ့ ကောင်မလေးဟာ ကိုယ်ပြောခဲ့သမျှကို မှတ်မှတ်သားသား ရှိပြီး အကြောင်းတိုက်ဆိုင်ရင် ဒါကို ပြန်ပြောပြတတ်ပါတယ်။