အမြဲတမ်း ကျန်းကျန်းမာမာ နေနိုင်ဖို့ဆိုတာကတော့ တကယ်ခက်တဲ့အလုပ်ပါ။ သို့သော်လည်း ကိုယ် နေ့စဉ်လုပ်နေမိတဲ့ နေထိုင်မှုပုံစံကြောင့် ကျန်းမာရေး ထိခိုက်တာကိုတော့ ပြုပြင်လို့ရပါတယ်။ ဒါကြောင့်ပဲ ငယ်တုန်းရွယ်တုန်းမှာ အနာရောဂါကင်းကင်းနဲ့ ကျန်းကျန်းမာမာ နေချင်တယ်ဆိုရင် အခုပြောမယ့် အချက်တွေကို ရှောင်ကြဉ်ဖို့ ကြိုးစားသင့်ပါတယ်။
(၁) ဖိအားများလွန်းခြင်း

Source: Pexels
အတွေးတွေများပြီး အိပ်ရေးပျက်တဲ့ ရက်တွေ ဆက်လာရင် သေဖို့ရက် နီးလာပြီလို့ဆိုနိုင်ပါတယ်။ ဖိအားဟာ လူကို သေမယ့် ဘက်ကို တိုးပို့နေတဲ့ အသံတိတ်လူသတ်သမားပဲ ဖြစ်ပါတယ်။ ဖိအားအလွန်များတဲ့သူတွေဟာ စိတ်ပိုင်း ထိခိုက်မှုအပြင် ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်တာကြောင့် ဖိအားနည်းအောင် နေတတ်တဲ့ အလေ့အကျင့် လုပ်သင့်ပါတယ်။
(၂) ဆေးလိပ်စွဲခြင်း

Source: Pexels
တစ်နေ့ကို ဆေးလိပ်ဘယ်နှစ်လိပ်သောက်ဖြစ်သလဲ ကြည့်ပြီး ဆရာဝန်တွေဟာ သူသေနိုင်တဲ့ နှစ်ကာလနဲ့ သေရတဲ့ ရောဂါအကြောင်းအရင်းကိုပါ ပြောနိုင်ပါတယ်။ ဆေးလိပ်သောက်တာဟာ ကျန်းမာရေးထိခိုက်ဖို့ အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။
(၃) Fast Food တွေပဲ စားခြင်း

Source: Pexels
အသင့်စား ခေါက်ဆွဲထုတ်တွေပဲ စားတာတာ များလာပြီဆိုရင် အစာအိမ်ရောဂါတွေ ဖြစ်နိုင်ပြီး သွေးကြောတွေ ပိတ်ဆို့တာ ၊ နှလုံးရောဂါဖြစ်တာတွေ ကြုံနိုင်ပါတယ်။ အလွယ်တကူစားနိုင်ဖို့ အထူး ထုတ်ထားတဲ့ အစားအစာတွေ ဖြစ်လို့ ကယ်လိုရီ မြင့်မားပြီး ကိုယ်အလေးချိန် မြင့်တက်လွယ်တာကြောင့် အဝလွန်ခြင်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။
(၄) မူးယစ်ဆေးဝါး သုံးစွဲခြင်း

Source: Pexels
ငယ်တုန်း အပျော်အပါး မက်ပြီး လျှောက်လုပ်ခဲ့တာတွေဟာ ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်း သတ်သေနေတာပါပဲ။ အလားတူပဲ အရက်သောက်တာဟာလည် ကိုယ့် ဘဝတက်လမ်းကို ကိုယ်ပြန်ဖျက်ဆီးရာ ရောက်ပြီး စောစောစီးစီး အသက်ဆုံးရှုံးနိုင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ကြည်ဖို့နဲ့ ဖြစ်နိုင်ရင် မသောက်ဖို့ အကြံပြုချင်ပါတယ်။
(၅) အထိုင်များခြင်း

Source: Pexels
လမ်းလည်း မလျှောက် ၊ ကိုယ်လက် လေ့ကျင့်ခန်းလည်း မလုပ်တာဟာ စောစောစီးစီး သေစေနိုင်တဲ့ အကြောင်းထဲမှာ ပါပါတယ်။ တတ်နိုင်သမျှ အထိုင်နည်းပြီး သွေးလေ လည်ပတ်မှု မှန်အောင် လမ်းလျှောက်တာ ၊ အပြင်လေရှုတာ လုပ်သင့်ပါတယ်။ အထိုင်များသူတွေဟာ အဝလွန်နိုင်ပြီး ဖျားတာ ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။
