တစ်နေ့တာလုံးမှာ အရေးကြီးဆုံးက မနက်ခင်းပဲလို့ ပြောနိုင်ပါတယ်။ ဒီကာလဟာ တစ်နေ့တာ လှုပ်ရှားမှု အားလုံးရဲ့အစ ဖြစ်ပြီး တစ်နေ့လုံးကို အဓိပ္ပါယ်ဖွင့်ပေးမယ့် အချိန်လည်း ဖြစ်ပါတယ်။မနက်ခင်းတွေမှာ လုပ်လိုက်တဲ့ အရာဟာ ညဘက်အိပ်ရာဝင်ချိန်တွေအထိ အရေးပါတာကြောင့် မနက်တိုင်းကို အကောင်းဆုံးစတင်ဖို့ ဒီလို အလေ့အထလေးတွေ လိုပါတယ်။

Man wake up and stretching in morning with sunlight

Source : Freepik

မျက်နှာသစ်တာအပြင် ကိုယ့်ရဲ့ တစ်နေ့တာလုံးကို ယုံကြည်မှု ရှိစေမယ့် ရုပ်ရည်ဖြစ်အောင့် အလေ့အကျင့်ကို လုပ်ထားပါ။ မုတ်ဆိတ်တွေ ရှည်နေသလား။ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးပါ။ သန့်သန့်ရှင်းရှင်းဖြစ်စေဖို့ ရေကို မနက်တိုင်း ပုံမှန်ချိုးပေးဖို့ လိုတဲ့အပြင် စိတ်ကို လန်းဆန်းစေမယ့် ရေမွှေးနံ့ သင်းသင်းလေး သုံးတာမျိုးပါ လုပ်သင့်ပါတယ်။ အသားအရေထိန်းသိမ်းပြီး အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ပြီးမှ အပြင်ထွက်လိုက်ပါ။

လေ့ကျင့်ခန်းတစ်ခုခုဟာ မနက်ခင်းရဲ့ အဖော်မွန် ဖြစ်သင့်ပါတယ်။ လှေကား အတက်အဆင်းပဲလုပ်လုပ် ၊ နီးနီးနားနား လမ်းပဲ လျှောက်လျှောက် ၊ သွေးလေး နွေးအောင် ထိုက်ကျိလေးပဲ ဆော့ဆော့ ကိုယ်ခန္ဓာအင်ဂျင်ကို သွေးပူအောင် နှိုးပေးသင့်ပါတယ်။ ဒီလို လုပ်လိုက်တာကြောင့် ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဟော်မုန်းတွေ ထွက်လာပြီး နှလုံးခုန်နှုန်းကို ပိုကောင်းစေပါတယ်။ အိပ်ချင်မူးတူး ဖြစ်နေတာကနေ လန်းဆန်းလာပြီး ခွန်အားနဲ့ တက်ကြွမှုကိုပါ ရရှိစေမယ့် အကျင့် ဖြစ်ပါတယ်။

မနက်ခင်း လုပ်စရာတစ်ချို့ လုပ်ပြီးသွားတာနဲ့ စားပွဲမှာ ထိုင်ပြီး တစ်နေ့တာ လုပ်ရမယ့် စာရင်းရေးတာ လုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်တွေးမိတဲ့ အတွေးနဲ့ ကိုယ်ကြုံခဲ့တဲ့ အဖြစ်အပျက်များအကြောင်းကိုလည်း မနက်ခင်း အိမ်စာအနေနဲ့ ပုံမှန်လုပ်သွားသင့်ပါတယ်။ နေ့စဉ်မှတ်တမ်းရေးဖို့ဆိုတာ ဇွဲကောင်းဖိ့ုနဲ့ စိတ်ရှည်ဖို့က အရေးပါပြီး ဒီစိတ်အရည်အချင်းတွေကပဲ ကိုယ့်ကို တိုးတက်တဲ့လူအဖြစ်ကို တွန်းပို့ပေးသွားပါလိမ့်မယ်။

First look in the mirror after waking up