စိတ်တိုဒေါသထွက်ခြင်းသည် လူသားများ ခံစားရတတ်သော စိတ်ခံစားချက်တစ်ခုဖြစ်ပြီး ဒေါသထွက်ခြင်းသည်လည်း ကျန်းမာရေးနှင့် ညီညွှတ်သော စိတ်ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။

ဒေါသထွက်ခြင်းမှာ မကောင်းတဲ့ အငွေ့အသက်များမရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သင့်ရဲ့ဒေါသကပဲ သင် ဘယ်လောက်ထိ နာကျင်ခံစားနေရကြောင်း ဖော်ပြနေပြီး ဘယ်အချိန်မှာ သင့်အတွက် ဆိုးဝါးတဲ့အခြေအနေကို ပြောင်းပြန်လှန်ပစ်လို့ရမလဲဆိုတာကို ညွှန်ပြပေးနေတာပါ။

ဒါပေမဲ့ သင်က မကြာခဏဆိုသလို နေ့စဉ်နှင့်အမျှ ဒေါသထွက်နေမယ်။ သင့်ရဲ့ဒေါသက လူအများ သင့်ကို ဝေးဝေးရှောင်နေအောင် တွန်းပို့နေတယ်ဆိုရင်တော့ ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုနေပါပြီ။ ဒီလိုမျိုး အမြဲတစေ ဒေါသကြီးနေတဲ့ ယောကျာ်းများအတွက် မိမိရဲ့ဒေါသကို ဘယ်လိုပြန်လည်ဖြေလျော့နိုင်မလဲ။

စိတ်တည်ငြိမ်အောင် တရားထိုင်ပါ

anger management for men

Photo Source: Stocksy.com

တရားထိုင်တဲ့အခါ ဝင်လေ ထွက်လေကို အာရုံစိုက်ထားပြီး အတိတ်မှာ ဖြစ်ခဲ့ပြီးတဲ့အရာများကိုရော၊ အနာဂတ်မှာ ဖြစ်လာမယ့်အရာများကိုပါ မတွေးတောဘဲ ပစ္စုပ္ပန်ကာလကိုသာ အာရုံစိုက်ထားလိုက်ပါ။ ၂၀၁၅ ခုနှစ်မှာ လေ့လာတွေ့ရှိထားတဲ့ စိတ်ပညာရှင်များရဲ့ လေ့လာချက်အရ တရားထိုင်ခြင်းသည် ဒေါသအရှိန်ကို လျော့ကျစေပြီး စိတ်လှုပ်ရှားမှုမြန်ခြင်းကိုလည်း ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Stress Ball အသုံးပြုပါ

anger management for men

Photo Source: Thebalancesmb.com

စိတ်တိုဒေါသထွက်လာတဲ့အခါ Stress Ball လေးကို အဆက်မပြတ်ညှစ်ပေးလိုက်ပါ။ အဆက်မပြတ်ညှစ်လိုက်တဲ့အခါ သင့်လက်နှင့် လက်မောင်းများက နာကျင်လာပြီး Endorphins ကို ထုတ်လုပ်ပေးဖို့ရန်အတွက် သင့်ဦးနှောက်ကို အချက်ပြနေပါလိမ့်မယ်။ Endorphins ဆိုသည်မှာ သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ပြေလျော့ရန်အတွက် အသုံးပြုတဲ့ ဓာတုဒြပ်ပေါင်းတစ်မျိုးပဲဖြစ်ပါတယ်။

ထိုဘောလုံးလေးက သင့်ကို ဒေါသထွက်စေတဲ့အကြောင်းအရာကို မတွေးမိအောင် ကူညီပေးပါတယ်။ ဒါ့ကြောင့် နောက်ဆိုဒေါသထွက်လာတဲ့အခါ Stress Ball လေးကိုသာ အသုံးပြုလိုက်ပါ။

၁၀ အထိ ရေတွက်ပါ

anger management for men

Photo Source: Pinterest.com

သင် ဒေါသထွက်လာတဲ့အခါ ချက်ချင်းစကားမပြောသေးဘဲ (၁၀) အထိ ရေတွက်ပြီးမှ စကားပြောရပါမယ်။ ဒီနည်းလမ်းကတော့ ရှေးလူကြီးတွေ အသုံးပြုကြတဲ့ နည်းလမ်းဟောင်းပဲဖြစ်ပါတယ်။ လေ့လာချက်များအရ ဒီနည်းလမ်းက ရန်လိုမှုကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

သီချင်း နားထောင်ပါ

anger management for men

Photo Source: Freepik.com

သီချင်းအေးအေးလေးများ၊ စိတ်တည်ငြိမ်စေသော သီချင်းများ နားထောင်ခြင်းက ဒေါသအရှိန်ကို လျော့ကျစေပါတယ်။ ဒါပေမဲ့ ကျယ်လောင်စူးရှတဲ့ သီချင်းသံက သင့်ကို ဒေါသ ပိုထွက်စေတာကြောင့် သာယာငြိမ့်ညောင်းပြီး ညင်သာတဲ့သီချင်းများကိုသာ နားဆင်သင့်ပါတယ်။

ဒေါသထွက်လာပြီလို့ ခါးစားရတာနဲ့ နားကြပ်လေးတပ်၊ မျက်စိလေး မှိတ်ထားပြီး သင့်အကြိုက်ဆုံးသီချင်းများကို နားဆင်ပေးလိုက်ပါ။

သင်ရော ဒေါသထွက်လာပြီဆိုရင် ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး သင့်ဒေါသကို ဖြေလျော့သလဲဆိုတာ ဝေမျှခဲ့ပါဦး။

Source: Top10homeremedies.com