မကြာခင်မှာ မိုးရာသီကိုရောက်ရှိလာတော့မှာဖြစ်သလို လက်ရှိအချိန်မှာလည်း မိုးရာသီရဲ့ အငွေ့အသက်တွေကိုစတင်ခံစား လာရပြီဖြစ်ပါတယ်။ ဒီလိုရာသီအကူးမပြောင်းကာလမှာ အများစု ဖြစ်ပေါ်တတ်တဲ့အရာတွေကတော့ အအေးမိတုပ်ကွေးနဲ့ ဖျားနာခြင်းတွေပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဖျားတာဟာ သာမာန်အချိန်ဖျားနာတာထက်ကို ၂ ဆပိုခံစားရပါတယ်။ ဒါကြောင့် အခုလိုရာသီအကူးအပြောင်းကာလမှာ ခန္ဓာကိုယ်ကျန်းမာကြံခိုင်ပြီး ရောဂါတွေ အလွယ်တကူဝင်ရောက်မလာနိုင်အောင် ဘယ်လိုကာကွယ်နေထိုင်သင့်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းနေရင် ရောဂါဝေဒနာတွေဟာ အလွယ်တကူဝင်ရောက်ဖို့အရမ်းကို ခက်ခဲပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်နေစေရန် အာဟာရဓာတ် အလုံအလောက်ပေးနိုင်တဲ့ အသား ငါး နို့ထွက်ပစ္စည်းများနဲ့ ပဲအမျိုးမျိုးစတာတွေကို စားသုံးပေးရပါမယ်။ဒါ့အပြင် ရောဂါကာကွယ်ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတစွာ စားသုံးပေးရမှာဖြစ်ပါတယ်။

Senior man as runner at the city's street. close up shot of legs in sneakers. caucasian male model jogging and cardio training in summer's morning. healthy lifestyle

Source : Freepik

ဒီလိုရာသီအကူးအပြောင်းကာလမှာ ကိုယ်ရဲ့ ခန္ဓာကိုယ်ကို ပြည့်ဝစွာအနားပေးနိုင်ဖို့ ကြိုးစားပါ။ ပင်ပင်ပန်းပန်းပြုလုပ်ရမယ့်အရာတွေကို အတက်နိုင်ဆုံးရှောင်ကြဉ်ပေးရပါမယ်။ ညဘက်တွေမှာလည်း ညဉ့်နက်တဲ့အထိဖုန်းသုံးတာတွေ ဂိမ်းကစားတာတွေလျော့ပြီး စောစောအိပ်စက်အနားယူတာမျိုးပြုလုပ်သင့်ပါတယ်။ ခန္ဓာကိုယ်မှ တစ်နေ့တာကုန်ခမ်းသွားတဲ့ Energy တွေကို အနားယူခြင်းဖြင့်ပြန်လည်ဖြည့်တင်းပေးမှသာ ရောဂါပိုးမွှားတွေဝင်ရောက်ခြင်းကို ကောင်းစွာကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ ရောဂါပိုးမွှားတွေအများဆုံးကူးစက်စေတဲ့ နေရာကတော့ လက်တွေပဲဖြစ်ပါတယ်။ လူသူထူထပ်တဲ့ ဘက်စ်ကားတွေ စားသောက်ဆိုင်လိုနေရာတွေမှာ ရောဂါပိုးတွေများစွာရှိနေနိုင်တာကြောင့် သတိရရင်ရသလို လက်သန့်ဆေးရည်ဗူးလေးထုတ်ပြီး လက်ကိုဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ လက်သန့်ဆေးရည်ဗူးဟာ အလွယ်တကူအိတ်ထဲ ထည့်သယ် သွားလို့ရပြီး အများကြီးနေရာမယူတဲ့အတွက် ဆောင်ထားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။

Portrait of a happy man eating fresh salad in the kitchen

Source : Freepik

အခုလိုရာသီအကူးအပြောင်းကာလမှာ ခန္ဓာကိုယ်အတွက် ရေဓာတ်အလုံအလောက်ရရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစွာဖြည့်တင်းပါက ခေါင်းကိုက်တာတွေ မောပန်းနွမ်းနွယ်ပြီး ကိုယ်လက်မအီမသာဖြစ်တာတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးဖို့ အကြံပေးချင်ပါတယ်။ ရေကို ကြိုချက်ပြီးသောက်ရင် ပိုသင့်တော်ပါတယ်။

တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူပြန့်နှံ့လာနိုင်ပြီး ရောဂါပိုးဝင်ရောက်ဖို့ ပိုပြီး လွယ်ကူစေမှာဖြစ်ပါတယ်။ဒါကြောင့် ပုံမှန်ရေချိုးတာတွေ အဝတ်အစားများကို သန့်စင်စွာလျော်ဖွတ်ဝတ်ဆင်တာတွေ စတဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ ကိစ္စတွေကို ဂရုတစိုက်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။