အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် နေထိုင်ဖို့အတွက်ဆိုရင် ဝတ်စားဆင်ယင်မှုအပိုင်းကအရေးကြီးဆုံးပါ။ လူတစ်ယောက်ကို ကြည့်မယ်ဆိုရင် ပထမဆုံး မြင်တွေ့ရမှာကအဝတ်အစားပဲလေ။ ကြည့်လိုက်တာနဲ့ အသားအရေက ကြည်လင်နေပြီး အဝတ်အစားက စမတ်ကျနေရမယ်။ အရမ်းကြီးကောင်းတာမကောင်းတာထက် သန့်သန့်ပြန့်ပြန့်လေးဝတ်စားထားမယ်ဆိုရင် လူတစ်ယောက်ကအမြဲစမတ်ကျနေပြီး ကြည့်ကောင်းနေပါလိမ့်မယ်။

Cosmetologist apply clay mask with brush on young handsome mans face in beauty clinic

Source : Freepik

ရာသီဥတုကအရမ်းပူတော့ တတ်နိုင်သမျှ အပြင်မထွက်ကြပါနဲ့။ မိန်းကလေးတွေမှ အသားအရေထိန်းသိမ်းရမှာ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေလည်း ကိုယ့်ရဲ့ အသားအရေကို မပျက်ဆီးအောင် ထိန်းသိမ်းသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ မဖြစ်မနေသွားရမယ်ဆိုရင်လည်းနေလောင်ခံလိမ်းဆေးလိမ်းကြပါ။

အနည်းဆုံးတော့ တစ်လတစ်ခါ ပေါင်းတင်ပေးပါ။ ယောကျာ်းလေးတွေ ပေါင်းတင်တယ်ဆိုတာ ရှက်စရာကိစ္စမဟုတ်ပါဘူး။ ယောကျ်ားလေးလည်း လူပဲမို့ အသားအရေထိန်းသိမ်းတာ အလှအပကို ဂရုစိုက်တာတွေ ရှိသင့်ပါတယ်။ ဒီတော့ တစ်လတစ်ခါ ပေါင်းတင်ပေးတာမျိုးကိုလည်း တတ်နိုင်သမျှ လုပ်ပေးသင့်ပါတယ်။

Sportsman listening to music and training with weights

Source : Freepik

ရေများများသောက်ပေးပါ။ အသားအရေစိုပြေအောင် ရေများများ သောက်သုံးပေးသင့်ပါတယ်။ ရေသုံးခြင်းဟာ အသားအရေစိုပြေရုံသာမက ကိုယ်တွင်းက အပူအပုပ်တွေကိုလည်း ကင်းစင်စေတာကြောင့် ကျန်းမာရေးအတွက် အထူးအထူးကောင်းမွန်စေပါတယ်။

အားကစားလုပ်တာပါ။ အားကစားလုပ်ပေးတာဟာ ခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာစေပါတယ်။ ဒါတင်မကသေးပါဘူး။ အားကစားလုပ်ချိန်မှာ ချွေးပုပ်တွေ ထွက်လာတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်တွင်းအောင်းနေတဲ့ ချွေးပုပ်တွေ ထွက်သွားပြီး  အသားအရေကစိုပြေတောက်ပလာပါလိမ့်မယ်။