ဘဝရဲ့အောင်မြင်ခြင်း၊ အဆင့်အတန်းမြင့်မားခြင်းတို့ ရရှိဖို့အတွက် အမြန်ရောက်အောင်သွားရမယ့် နေရာဒေသ (၃) မျိုးရှိပါတယ်။ တကယ်လို့ ကိုယ်ရောက်နေတဲ့အရပ်ဟာ ရေရှည်နေသင့်တဲ့အရပ်လား၊ အမြန်စွန့်ခွာသွားသင့်တဲ့ အရပ်လားဆိုတာ သိသင့်ပါတယ်။

Man jump through gaps between hills

ကိုယ်ရောက်ရှိနေတဲ့ လုပ်ငန်းခွင်တစ်ခုမှာ ကိုယ့်အတွက်ဘာတွေရရှိနိုင်မလဲ။ လစာကလည်းနည်းတယ်၊ စိတ်ဖိစီးမှုတွေကလည်း များတယ်၊ ဒီလိုလုပ်ငန်းခွင်မျိုးဆိုရင် ရေရှည်လုပ်ကိုင်ဖို့အတွက် စဉ်းစားသင့်နေပါပြီ။ ဒါပေမယ့် ဒီလုပ်ငန်းခွင်က ကိုယ့်အတွက် ပညာတွေရနေတယ်ဆိုရင်တော့ ကာလတစ်ခုထိ လုပ်ကိုင်နေသင့်ပါတယ်။

ကိုယ့်လုပ်ငန်းခွင်မှာ ကိုယ်ဟာအချိန်တွေများစွာကို နှစ်မြှပ်ထားရတာဖြစ်ပါတယ်။ ကိုယ်ပေးဆပ်ရတဲ့အချိန်နဲ့ ကိုယ်ပြန်ရတဲ့ခံစားခွင့်တွေက သာတူညီမျှမှုရှိရဲ့လား။ တကယ်လို့ ကိုယ့်အတွက် လုပ်ခလစာတွေထိုက်ထိုက်တန်တန်ရရှိနေတယ်ဆိုရင်တော့ ဒီလုပ်ငန်းခွင်အတွက် ကိုယ့်အချိန်တွေ မြုပ်နှံရကျိုးနပ်ပါတယ်။

3d silhouette of a man with arms raised against a sunset ocean landscape

တချို့လုပ်ငန်းခွင်တွေဟာ ဝါသနာကိုအရင်းခံပြီး လုပ်ကိုင်ကြတာမျိုးရှိပါတယ်။ ကိုယ်ကျိုးစီးပွားတွေစွန့်ပြီး ပညာလည်းမရ၊ ဥစ္စာလည်းမရှိတဲ့ ပရဟိတလုပ်ငန်းမျိုးပေ့ါ။ ကိုယ်သဘောကျတဲ့လုပ်ငန်းတစ်ခုက စိတ်ချမ်းမြေ့ပြီး ကုသိုလ်ကောင်းမှုတွေ ဖြစ်ထွန်းနေတယ်ဆိုရင် ဒီလိုလုပ်ငန်းခွင်မှာ သင့်အချိန်တွေကို စတေးခံသင့်ပါတယ်။

Photo : Freepik