ကျွန်တော်တို့လူအများစုဟာ ကိုယ့်ဖြစ်တဲ့အရာနဲ့ လုပ်နေရတဲ့အလုပ်တွေကကိုက်ညီမှုမရှိကြပါဘူး။ဟုတ်ပါတယ်တကယ်လဲ ဆန္ဒဘဝတစ်ထပ်ကျဖို့ဆိုတာလွယ်ကူတဲ့ အရာတော့မဟုတ်ပါဘူး။ဒါပေမယ့်စာဖတ်သူတို့အနေနဲ့ လက်ရှိကိုယ်လျောက်နေတဲ့လမ်းကြောင်းတစ်ခုက ကိုယ်နဲ့ကိုက်ညီမှုရှိမရှိဆိုတာကိုတော့အခုပြောပြမယ့်အချက်တွေကြည့်ရုံနဲ့သိနိုင်မှာပါ။

Smiley man working on laptop from home

ကိုယ်တကယ်ဝါသနာပါပြီးကိုယ်နဲ့ကိုက်ညီမှုရှိတဲ့အလုပ်ကိုလုပ်ကိုင်ရမယ်ဆိုရင်ဒါကိုအလုပ်လို့တောင်သတ်မှတ်မိမှာမဟုတ်တော့ပါဘူး။ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ကိုင်နေပြီဆိုရင်ထမင်းမေ့ဟင်းဖြစ်တယ်ဆိုတဲ့တကယ်ပါ။ဒါကြောင့်စာဖတ်သူအနေနဲ့လက်ရှိအလုပ်နေတဲ့အလုပ်တစ်ခု လျောက်လှမ်းနေတဲ့လုပ်ကြောင်းတစ်ခုဟာမဖြစ်မနေလုပ်နေရတဲ့အလုပ်လို့မခံစားရဖူးဆိုရင်တော့ ဝါသနာနဲ့လမ်းကြောင်း ထပ်တူကျတယ်လို့သတ်မှတ်လို့ရပါပြီ။

လူတစ်ယောက်မှာ ၇၅ ရာခိုင်နှုန်း လောက်ကသူတို့လုပ်နေရတဲ့အလုပ်မှာမပျော်ကြဘူးလို့ လေ့လာရှင်တွေကပြောပါတယထ။ဟုတ်ပါတယ်ဘဝပေးအခြေအနေအရ ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့အလုပ်ကိုရွေးမယ်ဆိုရင်တော့ ပျော်ရွှင်မှုရာခိုင်နှုန်းကနည်းပါးနေပါလိမ့်မယ်။စာဖတ်သူအနေနဲ့မိမိဝါသနာနဲ့ ထပ်တူကျတဲ့အလုပ်ကိုလုပ်ကိုင်နေမယ်ဆိုရင်တော့ နေ့ရက်တိုင်းကပိုပြီးပျော်ရွှင်နေရမှာသေချာပါတယ်။

လူတိုင်းလူတိုင်းကိုယ်လုပ်နေရတဲ့ အလုပ်တစ်ခုကအစပိုင်းမှာ တော့အရမ်းကိုတက်တက်ကြွကြွ လုပ်ကိုင်နိုင်ပေမယ့်အချိန်ကြာလာတဲ့အခါပျင်းရိငြီးငွေ့လာတက်တာသဘာဝပါ။ဒီလိုဖြစ်လာပြီဆိုရင်တော့နောက်ထပ်အလုပ်တစ်ခုပြောင်းတာ လက်ရှိအလုပ်ကထွက်တာမျိုးလုပ်တက်ကြပါတယ်။ဒါပေမယ့် နောက်အလုပ်တစ်ခုရောက်ရင်လည်းအချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့လာပြီးယခင်ကအတိုင်းဖြစ်လာအုန်းမှာပါပဲ။ကိုယ်တကယ်ဝါသနာပါတဲ့အလုပ်ဆိုရင်တော့ဘယ်လိုပိုကောင်းတဲ့ဖန်တီး မှုတွေ တီထွင်မှုတွေကိုလုပ်ဆောင်ရမလဲဆိုတာကိုပဲတွေးနေမှာဖြစ်တာကြောင့်ငြီးငွေ့ဖို့အချိန်မရှိပါဘူး။

Group of young business people working in the office

ဝါသနာနဲ့အလုပ်တစ်ထပ်တည်းကျနေပြီဆိုရင်တော့ စိတ်ဖိစီး မှုဆိုတာကလည်းတော်တော်လေးကိုနည်းပါးနေမှာဖြစ်ပါတယ်။အလုပ်တိုင်းမှာစိတ်ဖိစီးမှုအနည်းနဲ့အများရှိတက်တယ်ဆိုပေမဲ့လည်း ကိုယ်တကယ်ဝါသနာပါရာအလုပ်ကိုလုပ်နေသူအတွက်တော့ စိတ်ဖိစီးမှုမပြောပလောက်ပါဘူး။ဒါကြောင့် စာဖတ်သူအနေနဲ့လက်ရှိလုပ်နေရတဲ့အလုပ်မှာစိတ်ဖိစီးမှုသိပ်မရှိဘူးလို့ခံစားရရင်သေချာပါတယ်ဝါသနာနဲ့အလုပ်ထပ်တူကျတဲ့ရာခိုင်နှုန်းကများနေလို့ပါပဲ။

Photo : Freepik