စာရေးသူတို့ရဲ့ နေ့စဉ်ဘဝမှာအကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့တစ်ခါမှမသိကျွမ်းသေးတဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရတာတွေ ရှိပါတယ်။တစ်ချို့ပေါင်းသင်းဆက်ဆံရေးမှာကျွမ်း ကျင်နေပြီးသားလူတွေအနေနဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ လွယ်လွယ်ကူကူရှိပေမယ့် တစ်ချို့လူတွေအတွက် ကတော့ ကိုယ်နဲ့မသိကျွမ်းသေးတဲ့ သူစိမ်းတွေနဲ့ စကားပြောဆိုဆက်ဆံတဲ့နေရာမှာ ရှိန်နေတာမျိုး အမ်းနေတာမျိုးတွေရှိတက်ပါတယ်။ဒီနေ့မှာတော့ ဒီလို သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆဲတဲ့အခါမှာအခက်အခဲရှိသူတွေအနေနဲ့ အမြန်ဆုံးရင်းနှီးမှုရဖို့လုပ်ဆောင်သင့်တဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

Source : Freepik
သူစိမ်းတစ်ယောက်နဲ့ စတင်တွေ့ဆုံရပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နည်းနည်းတော့ ရှိန်နေတာမျိုးဖြစ်ကြမှာပါ။ဒါပေမဲ့ သင့်ဘက်ကနေအပြုံးလေးတစ်ပွင့်နဲ့လှိုက်လှိုက်လှဲလှဲစတင် ပြုံးပြနှုတ်ဆက်လိုက်မယ်ဆိုရင်တော့ သင့်နဲ့ သူစိမ်းလူကြားက ရှိန်နေတဲ့စိတ်တွေကိုလျော့သွားမှာဖြစ်ပါတယ်။လူတစ်ယောက်နဲ့ တစ်ယောက်ပြုံးပြပြီးနှုတ်ဆက်တယ်ဆိုတာ တကယ့်ကိုချစ်စရာကောင်းတဲ့အလေ့အထိတစ်ခုဖြစ်သလို ရင်းနှီးမှုကိုလည်းပိုတိုးသွားစေမှာဖြစ်ပါတယ်။
ကိုယ်နဲ့ပတ်သတ်ပြီး ချီးကျူးစကားပြောဆိုခံရတာကို မကြိုက်တဲ့သူမရှိလောက်ပါဘူး။သင့်အနေနဲ့ သူစိမ်းတစ်ယောက်နဲ့ စတင်မိတ်ဆက်တဲ့အခါ အရင်ဆုံးသူရဲ့ ကောင်းကွက်လေးတစ် ခုကိုရှာလိုက်ပါ။ဥပမာ မင်းဝတ်ထားတဲ့ဝတ်စုံကမင်းနဲ့ အရမ်းလိုက်ဖက်တာပဲ မင်းရှုးဖိနစ်ကသိပ်လှတာပဲ စသည်ဖြင့် ချီးကျူးစကားပြောမယ်ဆိုရင် သင်နဲ့ သူစိမ်းလူတစ်ယောက်ရဲ့ ကြားရင်းနှီးမှုအမြန်ဆုံးရရှိစေမှာဖြစ်ပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက်စကားပြောဆိုတဲ့နေရာမှာ အာရုံစိုက်မှုအပြည့်နဲ့ ပြောဆိုခြင်းက တကယ့်ကိုလူကြီးလူကောင်းဆန်တဲ့အပြုအမူဖြစ်သလို တစ်ဖက်လူကိုလည်းလေးစားရာရောက်စေပါတယ်။ဒါကြောင့်သူစိမ်းတစ်ယောက်နဲ့ စကား ပြောဆိုတဲ့အခါမျိုးမှာ မျက်လုံးချင်းဆုံပြီး စကားပြောဆိုပါ။တစ်ဖက်လူရဲ့စကားကိုလည်းသေချာအာရုံစိုက်ပြီးနားထောင်ပါ။ မကြာခင်မှာရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားမှာဖြစ်ပါတယ်။

Source : Freepik
သူစိမ်းတစ်ယောက်နဲ့စကားပြောတဲ့အခါ အချိန်နည်းနည်းကြာ သွားတာနဲ့ ဘာပြောလို့ပြောရမှန်းမသိဖြစ်တက်ပါတယ်။ဒီလို အခြေအနေမျိုးမှာ သင်တို့ရဲ့စကားဝိုင်းကိုဆက်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ဘာဝါသနာပါလဲဆိုတာမေးမြန်းခြင်း ဖြစ်ပါတယ်။အကယ်၍သင်နဲ့ သူရဲ့ ဝါသနာချင်းတိုက်ဆိုင်နေမယ်ဆိုရင် ပိုပြီးတောင်းရင်းနှီးဖို့ ရာခိုင်နှုန်းများပါသေးတယ်။
