တစ်နေ့တာကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်စွမ်း နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်ပြန်လည်အိပ်စက်အနားယူပေးဖို့ပါပဲ။ဒါပေမယ့်ယနေ့ခေတ်လူအများစုကတော့ ညဘက်တွေမှာ အိပ်မပျော်တဲ့ဝေဒနာတွေကိုကောင်းကောင်းခံစားနေကြရပါတယ်။ဒါကြောင့်ဒီနေ့မှာ တော့ ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူချင်ပါတယ်ဆိုတဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Source : Freepik
ညဘက်အိပ်တဲ့အခါ သက်တောင့်သက်သာရှိစေမယ့် ညအိပ် အဝတ်အစားတွေက သင့်ကိုပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖို့ကူညီပေးမှာဖြစ်ပါတယ်။အိပ်ညဝတ်စုံမဝတ်ချင်ဘူးဆိုရင် တောင် ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းမွန်မယ့် ချည်သားအဝတ်အထည်တွေကိုဝတ်ဆင်ပြီးအိပ်သင့်ပါတယ်။
ကိုယ်အိပ်ယာအိပ်ယာအခင်းအကျင်းက သန့်ရှင်းမှုမရှိဘူးအနံ့ အသက်ကောင်းကောင်းမရှိဘူးဆိုရင်လည်း အိပ်စက်ရာမှာ အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မိမိရဲ့ အိပ်ယာကို သန့်ရှင်းပြီးအနံ့သက်ကောင်းတဲ့ အိပ်ယာမျိုးဖြစ်အောင်ပြင်ဆင်သင့်ပါတယ်။အိပ်ယာခင်းတွေနဲ့ ခေါင်းအုံးစွတ်တွေကို တစ်ပတ်တစ်ခါလျော်ဖွတ်သန့်စင်တာမျိုး နေထုန်လှန်းတာမျိုးပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
ပြင်ပအသံပလန်တွေကလည်း သင့်ရဲ့ အိပ်စက်မှုကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်သင့်ရဲ့ အိပ်ယာကို တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ နေရာမျိုးမှာ ထားသင့်ပါတယ်။တော် ရုံပြင်ပအသံတွေမကြားရပဲ တိတ်ဆိတ်ငြိမ်သက်စွာအိပ်စက်နိုင်မယ်ဆိုရင် နောက်တစ်နေ့မှာအားအင်အပြည့်နဲ့ နိုးထလာမှာ ဖြစ်ပါတယ်။

Source : Freepik
ညဘက်မှာမီးတွေထိန်နေအောင်ဖွင့်ပြီး အိပ်စက်ခြင်းက သင့်ကိုကောင်းကောင်း အိပ်ပျော်စေနိုင်မှာမဟုတ်ပါဘူး။ကိုယ်ကလုံးဝအမှောင်ထုကြီးမှာအိပ်စက်ရတာမကြိုက်ဘူးဆိုရင်တောက် အရှောင်ခပ်မှိန်မှိန်သာရှိတဲ့ ညအိပ်မီးလုံးလေးတွေဖွင့်ပြီး အိပ်စက်သင့်ပါတယ်။အမှောင်ဘက်ကိုသွားတယ် မီးရောင်ခပ်ဖျော့ဖျော့လေးတွေက သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ကူညီပေးမှာ ဖြစ်ပါတယ်။
