ခေါင်းမာလွန်းခြင်းက သင့်တစ်ယောက်တည်းအတွက်သာမက သင့် အသင်းအဖွဲ့အတွက်လည်း မကောင်းပါဘူး။ ခေါင်းမာလွန်းတဲ့ခေါင်းဆောင်က ရှေ့ဆက်ရမယ့်အခြေအနေ၊ တိုးတက်ရမယ့်အခြေအနေကို နောက်ပြန်ဆွဲတတ်ကြပါတယ်။ သူတို့မှာ ကောင်းတဲ့ရည်ရွယ်ချက် ရှိသော်ငြားလည်း အခြေအနေတိုးတက်လာအောင် မစွမ်းဆောင်နိုင်ကြပါဘူး။

သင့် ပတ်ဝန်းကျင်၊ သင့် လုပ်ငန်းခွင်မှာရော ခေါင်းမာတတ်တဲ့ လုပ်ဖော်ကိုင်ဖက်များ ရှိတတ်ပါသလား။ ဒါမှမဟုတ် သင် ကိုယ်တိုင်ကပဲ ခေါင်းမာတတ်တဲ့သူဖြစ်နေပြီလား။ ခေါင်းမာခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေ ခံစားရတတ်သလဲဆိုတော့…

အလဟဿ အချိန်ကုန်ခြင်း

time wasting concept; successful lifestyle

Photo Source: Milldesk.com

သင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ သူတို့ပြောတဲ့အမြင်ကိုလည်း လက်ခံဖို့ လိုအပ်ပါတယ်။ မိမိအမြင်တစ်ခုတည်းကသာ မှန်ကန်ကြောင်းထင်မှတ်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ အချိန်မကုန်သင့်ဘဲ အလဟဿ အချိန်ကုန်ဆုံးသွားနိုင်ပါတယ်။

လူအများရဲ့ဖယ်ကျဉ်ခြင်းကို ခံရခြင်း

stubborn man is ignored by his co-workers; business lifestyle

Photo Source: Medium.com

သင်က ခေါင်းမာလွန်းပြီး အငြင်းသန်လွန်းတယ်ဆိုရင် သင့်ကို ဘယ်သူကမှ နှစ်မြို့မှာမဟုတ်ပါဘူး။ ကြာလာတဲ့အခါ သင်နဲ့ အလုပ်တွဲလုပ်ချင်တဲ့သူ ရှိမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် လူအများရဲ့ ဖယ်ကျဉ်ခြင်းကို မခံချင်ပါက ခေါင်းမာတတ်တဲ့အကျင့်ကို ဖျောက်ဖျက်ရပါလိမ့်မယ်။

စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေခြင်း

successful team work; successful lifestyle

Photo Source: Thebalancecareers.com

သင့် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်များနဲ့ စည်းစည်းလုံးလုံးနဲ့ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အလုပ်လုပ်လိုပါက ခေါင်းမာတတ်တဲ့ အကျင့်ကို ပြင်ရပါမယ်။

အဆိုးမြင်သော ပတ်ဝန်းကျင်ကိုသာ ဖန်တီးခြင်း

stubborn man creates negative atmosphere; business lifestyle

Photo Source: Corporatevision.com

ခေါင်းမာတတ်သူဆီမှာ အဆိုးမြင်ဝါဒီများနဲ့ပဲ ပြည့်နှက်နေတတ်ပါတယ်။ သူ့ရဲ့ပတ်ဝန်းကျင်ကလည်း အဆိုးမြင်ဝါဒနဲ့ပဲ ပြည့်နှက်နေတဲ့အတွက်ကြောင့် သူ့အနားတဝိုက်မှာ နေရတဲ့သူက ပျော်မှာမဟုတ်တော့ပါဘူး။ ကြာလာတဲ့အခါ အနားပတ်ဝန်းကျင်မှာ ပေါင်းသင်းစရာ လူတစ်ယောက်တောင်ရှိမှာမဟုတ်တော့ပါဘူး။

ဒီလိုခေါင်းမာတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ဖျက်ရမလဲ။

stubborn man and his girlfriend; lifestyle

Photo Source: iStock.com

တခါတလေမှာ ခေါင်းမာခြင်းက ကောင်းပါတယ်။ ဘယ်လိုအချိန်မျိုးလဲဆိုတော့ သင့်ရဲ့ယုံကြည်မှု၊ သင့်ရဲ့ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့အချိန်မျိုးပါ။ ထိုအချိန်မျိုးကလွဲရင် ကျန်တဲ့အချိန်မျိုးမှာ သင့်ရဲ့ခေါင်းမာတတ်တဲ့အကျင့်ကို ဖျောက်ပစ်ရပါမယ်။ ဘယ်လိုဖျောက်ဖျက်ရမလဲဆိုတော့ လူအများနဲ့ ပြောဆိုနေတဲ့အခါ မိမိပြောတာသာ အမှန် မိမိပြောတာကိုပဲ လက်ခံရမယ်ဆိုတဲ့ စိတ်နဲ့ မငြင်းခုန်ပါနဲ့။ မိမိပြောချင်တဲ့အကြောင်းအရာ၊ မိမိအကြံဉာဏ်ကို နားလည်လက်ခံအောင် စည်းရုံးသိမ်းသွင်းကြည့်ပါ။ မိမိရဲ့အကြံဉာဏ်ကို နှစ်ကြိမ်ထက်ပိုပြီး ပြောဆိုငြင်းခုန်ခြင်းမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

Source: Careeraddict.com