ကိုယ်ဘယ်လောက်ပဲ ကောင်းအောင်နေနေ လူတိုင်းက ကိုယ့်ကို သဘောကျချင်မှ ကျမှာပါ။ ဒါကလည်း အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲ မဆန်းပေမယ့် ကိုယ့်ကို ဘယ်သူတွေ မလိုလားဘူးလဲဆိုတာ သိချင်တဲ့စိတ်ကတော့ လူတွေမှာ ရှိကြတာပါပဲ။ ကိုယ့်ကို သဘောမကျတဲ့သူတွေ ဘယ်လို အမူအယာလေးတွေ လုပ်တတ်သလဲ ကြည့်ရအောင်ပါ။

(၁) လည်ကုပ်ကို ပွတ်သပ်ကုတ်ခြစ်တယ်

They scratch their neck

Photo: Brightside Me

ကိုယ့်စိတ်ကို မလုံမလဲ ဖြစ်တဲ့အခါ လူတချို့ဟာ သူတို့ကို သူတို့ စိတ်သက်သာရာရစေဖို့ လည်ပင်းပွတ်တာ ၊ ခေါင်းကုတ်တာမျိုး လုပ်လေ့ရှိပါတယ်။ ကိုယ့်ကို မနှစ်လိုတဲ့သူတွေ လည်ကုပ်ပွတ်တာမျိုး လုပ်ချိန်မှာ သတိထားကြည့်ပါ။ ပခုံးတွေကို နားရွက်တွေဆီ တက်ထားပြီး လည်ပင်းကို ဖုံးဝှက်ထားတတ်ပါတယ်။ ဒါဟာ ကိုယ်ပြောတာကို သူသဘောမတူဘူးဆိုတာနဲ့ တကယ့်အမှန်တရားကို သူပြောနေတာ မဟုတ်ဘူးဆိုတာကို ပြနေတာလို့ ဆိုပါတယ်။

(၂) နှုတ်ခမ်းကို တင်းတင်းစေ့ထားတယ်

They purse their lips

Photo: Brightside Me

ကိုယ်နဲ့ စကားပြောနေရင်းနဲ့ ဖြစ်ဖြစ် နှုတ်ခမ်းကို တင်းတင်းစုထားတယ်ဆိုရင် ဒါက တစ်ခုခု မှားနေပြီလို့ ပြနေတာပါ။ တစ်နည်းအားဖြင့် လက်ရှိအနေအထားမှာ သက်တောင့်သက်သာမရှိဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကလည်း နောက်တစ်နည်းအနေနဲ့ အခုပြောနေတဲ့ အကြောင်းအရာကို သဘောမကျဘူးလို့လည်း ယူဆလို့ ရပါတယ်။

(၃) ခပ်ခွာခွာနေတယ်

They keep their distance

Photo: Brightside Me

အသိသာဆုံးအချက်ထဲမှာ ပါပါတယ်။ ကိုယ့်ကို သဘောမကျတဲ့လူဟာ ကိုယ်နဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဝေးကွာနေတဲ့သူ ဖြစ်လေ့ရှိပါတယ်။ ကိုယ့်အနားမှာ နေရတာကိုက အဆင်မပြေဘူးလို့ ပြောနေတာလည်း ဖြစ်ပါတယ်။ ခပ်ခွာခွာနေတယ်ဆိုတာက အမြဲတမ်းတော့လည်း ကိုယ့်ကို သဘောမကျလို့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

(၄) အပြုံးတုနဲ့ ပြုံးတယ်

They show a fake smile

Photo: Brightside Me

Fake Smile နဲ့ ပြုံးတဲ့သူတွေကို လူအတော်များများ သတိထားမိကြပါတယ်။ ရိုးဖြောင့်တဲ့ အပြုံးတစ်ပွင့်ဟာ မျက်နှာပြင် ကြွက်သားအမြောက်အများကို သုံးပြီး သဘာဝကျကျ ပြုံးတတ်တာ ဖြစ်ပါတယ်။ အပြုံးတုဟာ အင်္ဂါမစုံသလို ဒီအပြုံးကို ရသူကလည်း ထူးခြားတဲ့ လှိုက်လှဲနွေးထွေးမှုကို မခံစားရတတ်ပါဘူး။
တချို့သူတွေက ကိုယ့်ကို စကားပြောရင် မျက်လုံးထဲ ကြည့်ပြီး ပြောလေ့မရှိပါဘူး။ Eye Contact မရှိတာဟာ တစ်ခုခုကို ကွယ်ဝှက်ထားတယ်လို့ ဆိုနေတာပါ။ တစ်ခါတလေမှာ ပြောနေတဲ့ စကားဝိုင်းမှာ စိတ်မပါလို့ လုပ်တတ်တဲ့ အမူအရာလည်း ဖြစ်တတ်ပါတယ်။

(၅) တုံးတိတိပြော/ဖြေတယ်

They give one-word answers

Photo: Brightside Me

ကိုယ်မေးတဲ့ မေးခွန်းတွေကို ရှည်ရှည်ဝေးဝေး ဖြေမနေဘဲ တုံးတုံးတိတိနဲ့ တစ်ခွန်းတည်း ဖြေတဲ့သူမျိုး တွေ့ဖူးကြမှာပါ။ တချို့သူတွေဟာ စိတ်ရင်းကောင်းပေမယ့် လူမှုူဆက်ဆံရေးညံ့တဲ့သူတွေ ဖြစ်လို့ အခုလို တုံ့ပြန်ကြတာ ဖြစ်ပါတယ်။ အတော်များများကတော့ ကိုယ်သဘောမကျတဲ့သူမျိုးကို မေးတစ်ခွန်း ၊ ဖြေတစ်ခွန်းပဲ ဆက်ဆံတတ်ကြပါတယ်။