မိတ်ဆွေအပေါင်းအသင်းဆိုတာ ကျွန်တော်တို့ လူမှုဘဝကို ပိုမိုစိုပြေအသက်ဝင်စေတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ဒါပေမဲ့လည်း လူတိုင်းကိုတော့ ပေါင်းလို့ မဖြစ်ဘူးပေါ့။ ကျွန်တော်တို့ မဖြစ်မနေ ပေါင်းသင့်တဲ့ မိတ်ဆွေတွေအကြောင်း ပြောရရင် အခုပြောတဲ့ လူ ၅ မျိုးကို ချန်ထားလို့ ရမှာ မဟုတ်ပါဘူး။
(၁) သင့်ကို ကျန်းမာစေတဲ့သူ

Photo: Freepik
သင်နဲ့ အားကစားလုပ်ဖော် မိတ်ဆွေဟာ သင့်အတွက် မပေါင်းမဖြစ် ပေါင်းသင့်တဲ့ မိတ်ဆွေပါပဲ။ ကျန်းမာရေးဆိုတာ လူတစ်ယောက်မှာ အရေးကြီးဆုံး အရာလည်း ဖြစ်ပါတယ်။ သင့်ကို ကျန်းမာအောင် အထောက်အကူပေးတဲ့ Gym ကစားဖော် မိတ်ဆွေ ၊ လမ်းလျှောက်ဖော် သူငယ်ချင်း စတဲ့သူတွေနဲ့ တွေ့ရင် ခင်ခင်မင်မင် တန်ဖိုးထားပေါင်းဖို့ မမေ့ပါနဲ့။
(၂) သင့်ကို ပျော်ရွှင်ရယ်မောစေတဲ့သူ

Photo: Freepik
လူတော်တော်များများဟာ ဒီဘက်ခေတ်မှာ အနည်းနဲ့ အများဆိုသလို စိတ်ဓါတ်ကျခြင်း ၊ အထီးကျန်ခြင်း စတဲ့ ပြဿနာတွေ ကြုံနေကြပါတယ်။ လေ့လာမှုတွေအရ မိတ်ဆွေကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူတွေဟာ အပေါင်းအဖော်နည်းတဲ့သူတွေထက် စိတ်ဓါတ်ကျဆင်းမှု Depression ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော် အဖြစ်နည်းတယ်လို့ ဆိုပါတယ်။ သင့်ကို ရယ်မောပျော်ရွှင်အောင် လုပ်နိုင်သူနဲ့ မိတ်ဆွေဖြစ်ရင်တော့ အမြဲပဲ စိတ်ချမ်းသာနေရမှာပါပဲ။
(၃) သင့်ဘဝကို မြှင့်တင်ပေးတဲ့သူ

Photo: Freepik
လူတစ်ယောက်ကို ကြီးပွားတိုးတက်အောင် ကူညီမ, စပေးတဲ့သူဟာ သင့်ရဲ့ သူငယ်ချင်းဆိုတာထက် ပိုပါတယ်။ အဲလိုလူဟာ သင့်ရဲ့ ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဒီလို လူတွေနဲ့ ပေါင်းသင်းခြင်းအားဖြင့် ဘဝတက်လမ်းကို ဖန်တီးနိုင်ပြီး သာယာဖြောင့်ဖြူးတဲ့ဘဝကို ပုံဖော်နိုင်မှာ ဖြစ်လို့ လက်မလွတ်တမ်း ပေါင်းသင်းဖို့ အကြံပေးချင်ပါတယ်။
(၄) ယဉ်ကျေးမှု မတူတဲ့သူ

Photo: Freepik
ကိုယ်နဲ့ Culturally-Different ဖြစ်တဲ့သူနဲ့ ပေါင်းသင်းတာဟာ သင့်ကို အမြင်ကျယ်ပြီး သဘောထားကြီးစေပါတယ်။ လူဆိုတာ အမျိုး ၊ ဘာသာ ၊ နေရပ်ဌာနေ မတူသူတွေနဲ့ ပေါင်းလေလေ ခေါင်းပိုကြီးပြီး အတွေးအမြင် ပိုထက်သန် ကျယ်ပြောလေလေပါပဲ။ ဒါဟာလည်း သင့်ကို တစ်ဆင့်မြင့်စေတဲ့ လူတွေထဲမှာ ထည့်ပြီး မပေါင်းမဖြစ် ပေါင်းရမယ့် မိတ်ဆွေစာရင်းမှာ ထည့်ထားသင့်ပါတယ်။
(၅) ကိုယ်နဲ့အတူ အခက်အခဲတွေ ဖြတ်သန်းခဲ့သူ

Photo: Freepik
ကိုယ်နဲ့ အတူ ပြဿနာတွေကို တက်ညီလက်ညီ ရင်ဆိုင်ခဲ့သူဟာ ကိုယ့်ရဲဘော်ပါပဲ။ ကိုယ့်သွေးသား ညီအစ်ကိုတွေထက်တောင် သူက ကိုယ်နဲ့ အရင်းနီးဆုံး ဖြစ်တတ်ပါတယ်။ ဒီလို မိတ်ဆွေတွေက ဘဝမှာ မရှိမဖြစ် ပေါင်းသင်းဖို့ အလိုအပ်ဆုံးလို့တောင် ဆိုချင်ပါတယ်။
