ခန္ဓာကိုယ်ဟာ သင့်တင့်မျှတကျန်းမာညီညွတ်နေဖို့အတွက် အာဟာရဓါတ်တွေ စုံစုံလင်လင် စားသုံးပေးဖို့ လိုပါတယ်။ အာဟာရဓါတ်တစ်ခုတလေ ချို့တဲ့သွားတာနဲ့ ခန္ဓာကိုယ်မှာ ပြဿနာတွေ ပေါ်ပေါက်လာမှာပါပဲ။ Carbs လို့ အတိုကောက်ခေါ်နေကြတဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ဝိတ်ချသူတွေ ရှောင်လေ့ရှိပါတယ်။ Low-Carb Diet တွေဟာ ဝိတ်အမြန်ကျစေတာမှန်ပေမယ့် ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အဆီလောင်ကျွမ်းမှု အားပေးပြီး ဝိတ်အမြန်ကျစေတဲ့ Carbs ရှောင်မှု လုပ်တာ ကြာလာပြီဆိုရင် အခုပြောမယ့် အဖြစ်တွေ ကြုံလာနိုင်ပါတယ်။

(၁) မူးနောက်နောက် ဖြစ်မယ်

You may feel dizzy

Photo: Brightside Me

Carbs ဖြတ်ခြင်းဟာ ခန္ဓာကိုယ်အတွက် ဖိစီးမှုတစ်ခု ဖြစ်စေပါတယ်။ Carbs မစားတော့ရင် ခန္ဓာကိုယ်ဟာ လိုအပ်တဲ့စွမ်းအင်အတွက် ဂလူးဂို့စ်လောင်ကျွမ်းမှု မလုပ်နိုင်တော့ပါဘူး။ ကြာလာရင် ခေါင်းကိုက်တာ ၊ ပျို့အန်တာ ၊ စိတ်ထဲ နောက်ကျိနေတာမျိုး လက္ခဏာတွေ ခံစားရတတ်ပါတယ်။ နေလို့ ထိုင်လို့လည်း တက်တက်ကြွကြွရွှင်ရွှင်လန်းလန်း မရှိတော့တာမျိုး ဖြစ်နိုင်ပါတယ်။

(၂) နှလုံးအတွက် မကောင်းဘူး

It’s not good for your heart

Photo: Brightside Me

ကာဗွန်ဟိုက်ဒရိတ် မပါသလောက် စားတတ်သူတွေဟာ နှလုံးရောဂါကြောင့် အရွယ်မတိုင်ခင် သေဆုံးမှု ဖြစ်နိုင်တယ်လို့ လေ့လာမှုက ဆိုပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Carbs တွေဟာ ကိုယ်တွင်းရောင်ရမ်းခြင်း ကို တိုက်ထုတ်နိုင်ပြီး သွေးကြောထုံးတာတွေ အဖြစ်နည်းအောင် ကူညီပေးနိုင်လို့ Low Carbs Diet စားတာမျိုး ရှောင်ကြဉ်ဖို့ အကြံပြုထားကြပါတယ်။

(၃) ဇီဝကမ္မဖြစ်စဉ် နှေးကွေးသွားမယ်

Your metabolism may slow down

Photo: Brightside Me

နောက်ထပ် ဖြစ်နိုင်တဲ့ပြဿနာတစ်ခုက Carbs စားသုံးတာ ရုတ်တရပ် ဖြတ်တောက်လိုက်ချိန်မှာ ယာယီ ဝမ်းချုပ်တာမျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဝိတ်ကျချင်တယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြှင့်တင်ပေးနိုင်တဲ့ Oats လိုမျိုး ကစီဓါတ်ပါတဲ့ Carbs တွေ စားနိုင်ပါတယ်။
ဇီဝကမ္မဖြစ်စဉ်နှေးကွေးမှုအပြင် နောက်ထပ် ကြုံတတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုက ကြွက်တက်တာမျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက Carbs ဓါတ် ထိုးကျသွားခြင်းဟာ ဆီးသွားမှုကနေ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ Electrolytes တွေ ဆုံးရှုံးစေရာကနေ ကြွက်တက်စေတာ ဖြစ်ပါတယ်။

(၄) ခံတွင်းနံ့ ဆိုးလာမယ်

Your breath may smell bad

Photo: Brightside Me

Carbs လုံးဝမပါတဲ့ Carbs-Free Diet စပြီး စားတဲ့ ရက်ပိုင်းအတွင်း တချို့သူတွေဟာ ခံတွင်းအနံ့ပြောင်းသွားပြီး အနံ့ဆိုးတွေ ထွက်လာတတ်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ဟာ ကာဗွန်ဟိုက်ဒရိတ်တွေကနေ စွမ်းအင်မရတော့တာကြောင့် စွမ်းအင်လောင်စာအတွက် အဆီကို ဖြိုခွဲရာကနေ Fatty Acids တွေကို Ketones လို့ ခေါ်တဲ့ သဘာဝဓါတုပစ္စည်းတွေ ပြောင်းစေလို့ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ခံတွင်းအနံ့ ဆိုးလာတာ ဖြစ်ပါတယ်။