ဝိုင်မှာ ဘယ်အမြည်းနဲ့ သောက်မှ ဖြစ်မယ်ဆိုတဲ့ စည်းကမ်းမရှိပေမယ့် ဝိုင်တစ်ခွက်ကို အရသာရှိအောင် တွဲစားတဲ့ အမြည်းကလည်း အရွေးမှန်ဖို့ လိုပါတယ်။ ဝိုင်ရဲ့ သစ်သီးနံ့နဲ့ ချိုပြင်းချဉ်အရသာကို လျှာရင်းမြက်အောင် ထိန်းနိုင်တဲ့ အစားအသောက်ကလည်း ဝိုင်အမျိုးအစားပေါ် လိုက်ပြီး အပြောင်းအလဲရှိပါတယ်။ ဘယ်လို ဝိုင်အရက်က ဘယ်လိုအစားအသောက်နဲ့ လိုက်သလဲဆိုတာ အလွယ်တကူကြည့်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။

(၁) Cabernet Sauvignon

Cabernet Sauvignon Wine

Photo: dumblittleman

အမေရိကန်မှာ လူကြိုက်အများဆုံး ဝိုင်တွေထဲက တစ်ခုဖြစ်တဲ့ Cabernet Sauvignon ဟာ ချိစ်နဲ့ ပေါ့ပေါ့ပါးပါး မြည်းလို့လည်း ရသလို အသားငါး အသီးအရွက်တွေနဲ့လည်း တွဲစားလို့ ရပါတယ်။ အသီးအရွက်ထဲကဆို ခရမ်းချဉ်သီး ၊ ပန်းပွင့်စိမ်း ဘလက်ဘယ်ရီသီး ၊ ချိစ်နဲ့အစေ့အဆံထဲကဆိုရင် သီဟိုဠ်စေ့ ၊ အသားငါးထဲက ဆိုရင် အမဲစတူး ၊ နံရိုး ၊ ပင်လယ်စာထဲကဆိုရင် တူနာမီးကင် နဲ့ ဆော့စ်အတွက် ခရမ်းချဉ်သီးဆော့စ်တို့နဲ့ မြည်းလို့ ရပါတယ်။

(၂) Chardonnay

Chardonnay Wine

Photo: dumblittleman

ဝိုင်တွေထဲမှာ အနံ့ထူးခြားပြီး အစားအစာအမျိုးမျိုးနဲ့ တွဲဖက်နိုင်တဲ့ ဝိုင်ပါ။ အယ်လ်မွန်စေ့ ၊ အာလူး ၊ ပန်းသီး ၊ သရက်သီး ၊ ကြက်/ဝက်/ပုဇွန်/ဂဏန်း ဟင်းလျာတွေနဲ့ မြည်းနိုင်ပြီး ဆော့စ်အနေနဲ့ Cream/Pesto Sauce တို့ သုံးနိုင်ပါတယ်။

(၃) Riesling

Riesling Wine

Photo: bonappetit

အချိုကဲလွန်းတဲ့ ဝိုင်တွေထဲမှာ Riesling ဝိုင်ပါပါတယ်။ ချိုပြင်းရှအရသာ ဖြစ်လို့ ခပ်စပ်စပ်အစားအသောက်တွေနဲ့ ပိုပြီး မြည်းလို့ ကောင်းပါတယ်။ သစ်တော်သီး ၊ ဘဲ/ထရော့တ်ငါး/BBQ တွေနဲ့လိုက်ပါတယ်။

(၄) Pinot Noir

Obsession Pinot Noir

Photo: Obsession Wines

နာမည်ကျော် Pinot Noir ဟာ ထူးခြားတဲ့ သစ်နံ့ရှိပြီး အရသာကောင်းတဲ့ ဝိုင်ဖြစ်ပါတယ်။ များသောအားဖြင့် အသားဟင်းလျာတွေနဲ့ မြည်းတာကို ပိုအကြိုက်တွေ့ကြပါတယ်။ မှိုဟင်း ၊ သစ်သီးခြောက် ၊ စတော်ဘယ်ရီသီး ၊ ချိစ်/မြေပဲ/သိုးသား/ကြက်သား/ဆယ်လ်မွန်/တူနာ စတဲ့ အမြည်းတွေနဲ့ ဒီဝိုင်က ပိုပြီး ပဏာတင့်ပါတယ်။

(၅) Sauvignon Blanc

Sauvignon Blanc

Photo: dumblittleman

Sauvignon Blanc ဝိုင်က အချဉ်ဓါတ်ပိုကဲတဲ့ ဝိုင်ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဟင်းလျာတွေနဲ့ တွဲသောက်လို့ ကောင်းပါတယ်။ ဒီဝိုင်ကို ညနေစာ စားချိန်မှာ သောက်လေ့ရှိတာကြောင့် Dinner Wine အဖြစ်လည်း နာမည်ကြီးပါတယ်။ ပန်းသီးစိမ်း နဲ့ အချဉ်ပါတဲ့ အသီးတွေ ၊ ကညွှတ်လို ဟင်းသီးဟင်းရွက်ဟင်းလျာနဲ့ ကြက်ဆင်သား/ဝက်သား/ကြက်သား/ကမာ/ပုဇွန်/ဆူရှီနဲ့ အဆီများတဲ့ ငါးတွေနဲ့လည်း တွဲဖက် မြည်းရတာ ပိုအဆင်ပြေပါတယ်။