စိတ်သောကများနေတဲ့သူတွေဟာ အနေအထိုင်တင်မဟုတ်ဘဲ အစားအသောက်ပါ ဆင်ခြင်ပြုပြင်ပေးရပါတယ်။ တချို့အစားအသောက်တွေက စိတ်ဓါတ်ကျနေသူတွေ ၊ စိတ်ဖိစီးမှုနဲ့ သောကများနေသူတွေကို အခြေအနေပိုဆိုးစေနိုင်လို့ ဖြစ်ပါတယ်။ ဒီလို အစားအသောက်တွေကို လျှော့စားတာဖြစ်ဖြစ် ရှောင်ကြဉ်တာ ဖြစ်ဖြစ် လုပ်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

(၁) အရက်

Excess Drinking Alcohol will hurt your emotions

Photo: Freepik

စိတ်ညစ်လို့ သောက်လိုက်တဲ့ အရက်ကြောင့် လူမှုရေးရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အရက်သောက်ခြင်းဟာ အလုပ်အကိုင်/အဆုံးအဖြတ်တွေ မှားယွင်းစေနိုင်တဲ့အပြင် စိတ်အခြေအနေပါ ပြောင်းလဲဖောက်ပြန်စေနိုင်ပါတယ်။ ကိုယ်က အရက်သောက်တတ်သူဆိုရင် အရက်မသောက်ဖြစ်အောင် ယမကာရောင်းတဲ့ဆိုင်တွေ မသွားဖြစ်အောင် နေတာ ၊ အရက်ရတဲ့ စားသောက်ဆိုင်တွေမှာ မစားဘဲ ရှောင်ကြဉ်တာမျိုး လုပ်သင့်ပါတယ်။

(၂) သကြား

Sugar is also the killer of modern health

Photo: Freepik

သကြားဓါတ်ကဲတဲ့ အစားအသောက်တွေ အစားများခြင်းက ရေရှည်မှာ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်။ သကြားလုံးဝ ရှောင်ဖို့ မဖြစ်နိုင်ပေမယ့် တစ်နေ့တာ စားသုံးနေတဲ့ စားသောက်မှုပုံစံထဲမှာ သကြားပါဝင်မှုကို လျှော့နိုင်သလောက် လျှော့ချပါ။ အမေရိကန်နှလုံးရောဂါအစည်းအရုံးကတော့ ယောင်္ကျားတစ်ယောက်ဟာ တစ်နေ့ သကြား ၃၆ ဂရမ်ထက် ပိုပြီး မစားသင့်ဘူးလို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုတွေ ကုန်ခမ်းပြီး စိတ်ဖိစီးမှုတွေ မြင့်တက်နေချိန်မှာ ကိတ်မုန့် ၊ ကွတ်ကီး နဲ့ Pies တွေလို သကြားဓါတ် များလွန်းတဲ့ အစားအသောက်တွေ ရှောင်ပါ။ ဒီအစားအသောက်တွေက ခဏတစ်ပန်းတော့ လူကို နေလို့ ပိုကောင်းသွားတယ်လို့ ခံစားရစေပေမယ့် ဒါက ယာယီအခြေအနေပဲ ဖြစ်ပြီး သကြားအစားများခြင်းက စိတ်ဓါတ်ကျဆင်းမှုကို ပိုဆိုးရွားအောင် လှုံ့ဆော်တော့မှာ ဖြစ်ပါတယ်။

(၃) Fast Foods

man-buying-two-hot-dog-kiosk-outdoors-street-food-close-up-view

Photo: Freepik

ဘာဂါနဲ့ ဆီကြော်စာတွေလို Fast Foods တွေဟာ Depression ဝင်နေသူတွေ ရှောင်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ဟမ်ဘာဂါ ၊ ဝက်အူချောင်း ၊ ပီဇာ နဲ့ ဒိုးနပ်တို့လို Fast Food တွေ စားခြင်းဟာ စိတ်ဓါတ်ကျဆင်းမှုအန္တရာယ်ကို ဆိုးဆိုးရွားရွား သက်ရောက်စေနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ဒီအစားအသောက်တွေမှာ Trans-Fat နဲ့ Trans-Isomer ဖက်တီးအက်ဆစ်လို့ ခေါ်တဲ့ လူ့အတွက် အဟာရဓါတ်နည်းပါးပြီး မလိုအပ်တဲ့ အက်ဆစ်ဓါတ်တွေ များတာကြောင့် ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုးတာ ကောင်းပါတယ်။

(၄) ကဖိန်း

time-break

Photo: Freepik

ကဖိန်းက သင့်ရုံ သောက်သုံးပေးဖို့ လိုပါတယ်။ ကဖိန်းဓါတ် များရင် စိတ်ဓါတ်ကျဆင်းမှု လက္ခဏာတွေ တွေ့ကြုံရတတ်ပါတယ်။ ကဖိန်းဟာ အိပ်စက်မှုနရီစည်းချက် ပျက်စေပြီး စိတ်သောကများစေပါတယ်။ ကဖိန်းဓါတ်ဟာ ဦးနှောက်နဲ့ အပြုအမူကျန်းမာရေးအတွက် ကောင်းကျိုးပြုတယ်ဆိုပေမယ့်ကော်ဖီ ၊ Energy Drinks တို့လို ကဖိန်းမျိုးထက် ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်တဲ့ Green Tea သောက်ဖို့ကို ထောက်ခံချင်ပါတယ်။