ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်အပိုင်းက တက်တူးထိုးတဲ့အခါ အနာကျင်ဆုံးဖြစ်မလဲ။ အရေပြားပါးတဲ့နေရာ (သို့) နာ့ဗ်ကြောများဆုံသောနေရာ (သို့) ထိုနေရာနှစ်မျိုးစလုံးတွင် တက်တူးထိုးပါက အနာကျင်ဆုံးပဲဖြစ်ပါတယ်။ အထူးသဖြင့် ကျောရိုး၊ ခြေကျင်းဝတ်၊ ဂျိုင်းကြား၊ လက်မောင်းအတွင်းသား၊ တံတောင်ဆစ်၊ ဒူးခေါင်းအနောက်၊ နံရိုး၊ လည်ပင်း၊ ပေါင်ခြံ၊ ခုံညင်း၊ ညိုသကြီး စတဲ့နေရာတွေလည်း နာကျင်မှုအများဆုံးပဲဖြစ်ပါတယ်။
သင့်အနေနဲ့ တက်တူးထိုးဖို့ ဆုံးဖြတ်ထားပါက နာကျင်မှုအနည်းဆုံးနေရာကို ထိုးဖို့ သေချာဆုံးဖြတ်ထားသင့်ပါတယ်။ ဒါ့အပြင် မိမိထိုးမယ့်တက်တူးဒီဇိုင်းကိုလည်း ကြိုတင်လေ့လာသင့်ပါတယ်။ ဒါမှ တက်တူးထိုးပြီးတဲ့အခါ နောင်တမရမှာပါ။
အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းများကလည်း တက်တူးချစ်သူများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတွေပဲဖြစ်ပါတယ်။
ပိုက်ဆံပုံတက်တူး
တေးဂီတချစ်သူများအတွက် ဂီတသံစဉ်တက်တူး
ငှက်မွှေးပုံတက်တူး
နှင်းဆီပန်းပုံတက်တူး
သရဖူပုံတက်တူး
ကားပုံတက်တူး
မျဉ်းပြိုင်များ
မြှားပုံတက်တူး
အမိုက်စား တက်တူးအသေး
Source: Manofmany.com