စိတ်တူကိုယ်တူချစ်သူကောင်မလေးတစ်ယောက် ပိုင်ဆိုင်ထားရခြင်းက ကံကောင်းခြင်းတစ်မျိုးပါပဲ။ ဝါသနာပါတဲ့အရာတွေကို နှစ်ယောက်အတူတူ လုပ်ဆောင်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးနိုင်သလို တစ်ယောက်ရင်ထဲက ခံစားချက်တွေကိုလည်း အခြားတစ်ယောက်က အလွယ်တကူနားလည်နိုင်ကြပါတယ်။
သင် ကိုယ်တိုင်ကလည်း ဖက်ရှင်လိုက်စားပြီး သင့်ကောင်မလေးကလည်း သင့်လိုပဲ ဖက်ရှင်ကျကျ ဝတ်စားတတ်တယ်ဆိုရင်တော့ သင်တို့စုံတွဲက အများအားကျစရာစုံတွဲတစ်တွဲဖြစ်မှာအမှန်ပါပဲ။ ချစ်သူသက်တမ်း တစ်လပြည့်၊ တစ်နှစ်ပြည့်အချိန်မျိုးမှာ စုံတွဲဝတ်စုံ ဝတ်ဆင်ကာ ဖက်ရှင်ကျချင်တဲ့ အမျိုးသားတို့အတွက် ကိုယ့်ကောင်မလေးနဲ့ ဘယ်လိုစုံတွဲဖက်ရှင်တွေ ဝတ်ဆင်နိုင်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
စာဖတ်သူတို့လည်း စုံတွဲဖက်ရှင်လေးတွေနဲ့ စတိုင်အပြည့် လန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source: Pinterest.com