သင့်ကို ချစ်ခင်သူများကတော့ သင် အောင်မြင်တိုးတက်နေတာကို မြင်ချင်ကြပေမယ့် သင့်ကို မနာလိုမုန်းတီးသူများကတော့ သင် အောင်မြင်တာကို မနာလိုမရှုစိမ့်ကြပါဘူး။ သူတို့စိတ်ထဲမှာ မနာလိုမှုတွေနဲ့ပဲ ပြည့်နှက်နေပြီးတော့ သူတို့ကိုယ်သူတို့ အားမလိုအားမရဖြစ်နေတာကို သင့်မကောင်းကြောင်း ပြောခြင်းအားဖြင့် စိတ်ဖြေလေ့ရှိကြပါတယ်။

သူတို့ရဲ့အတင်းအဖျင်းစကားတွေကို သင် ဂရုစိုက်တဲ့အခါ

how to deal with gossip; tips for men

ကိုယ့်ကိုယ်ကို ယုံကြည်မှု တဖြည်းဖြည်းကျဆင်းသွားပါလိမ့်မယ်။ သူတို့ပြောတာကို နားယောင်လာပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ကာ ကိုယ့်အားနည်းချက်တွေပဲ မြင်လာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်များ ဝေဝါးသွားပြီး ကိုယ့်ရဲ့တိုးတက်မှုအတွက်လည်း ဂရုမစိုက်နိုင်တော့ပါဘူး။

ဒါဆိုရင် မိမိကို မနာလိုမုန်းတီသူများရဲ့အတင်းအဖျင်းကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ။

သူတို့ပြောသမျှကို ဂရုမစိုက်ပါနဲ့

how to deal with gossip; tips for men

သင့်ကို မနာလိုသူများက သင့်အရှေ့မှာတော့ သင်က ဘယ်လောက်တော်ကြောင်း၊ ဘယ်လောက် ကြိုးစားကြောင်း ပြုံးရယ်ကာ ချီးကျူးနေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာတော့ သင် ကျရှုံးဖို့ကိုသာ တိတ်တဆိတ်ဆုတောင်းနေတတ်ကြပါတယ်။ သင့် နောက်ကွယ်မှာတော့ သင့်အတင်းအဖျင်းတွေကို လူတကာလျှောက်ပြောနေတတ်ပါတယ်။ ထိုအတင်းအဖျင်းများကို လျစ်လျူရှုလိုက်ပါ။ သင် လျစ်လျူရှုနိုင်မှသာ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် အာရုံစိုက်နိုင်မှာမဟုတ်လား။

ထိုသူများကို ဝေးဝေးကရှောင်ပါ

two co workers gossiping, how to deal with gossip; tips for men

ဉာဏ်ရည်မြင့်မားသူအချင်းချင်း တွေ့ဆုံကြတဲ့အခါ အိုင်ဒီယာအသစ်အဆန်းများကို ဆွေးနွေးလေ့ရှိကြပြီး ဉာဏ်ရည်နိမ့်သူများကတော့ အတင်းအဖျင်းပြောလေ့ရှိကြပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က အခြားတစ်ယောက်ရဲ့အကြောင်းကို သင့်ထံ ဖောက်သည်ချပြီး အတင်းအဖျင်းလာပြောမယ်ဆိုရင်တော့ ထိုသူကို ဝေးဝေးကရှောင်ပါ။ သင့်အကြောင်းကိုလည်း အခြားတစ်ယောက်ထံ အတင်းအဖျင်းလုပ်ပြောနိုင်လို့ပါပဲ။ အစတုန်းကတော့ အကြောင်းမသိလို့ ပေါင်းမိခဲ့ပေမယ့် အကြောင်းသိသွားရင်တော့ အပေါင်းအသင်းဆက်မလုပ်ပါနဲ့တော့။

ကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်များကို အခြားသူများထံ မပြောပြပါနဲ့

man counting money; tips for men

သင် လစာဘယ်လောက်ရကြောင်း၊ သင့်အိမ်တွင်းရေး အရှုပ်အရှင်းတွေအကြောင်း၊ အခက်အခဲတွေအကြောင်းကို လူတိုင်းအား မပြောပြပါနဲ့။ သင့်ကို မနာလိုမုန်းတီးသူများက ထိုအကြောင်းအရာများကို အခြားသူတွေထံ ဖောက်သည်ပြန်ချပြီး အတင်းအဖျင်းပြောစရာအကြောင်းအရာ ရသွားပါလိမ့်မယ်။ တစ်ခုခုအကြံဉာဏ် တောင်းစရာရှိတဲ့အခါ ကိုယ် ယုံကြည်ရသူများထံတွင်သာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ

confident man; how to deal with gossip; tips for men

သတ္တိရှိပါ။ မိမိကိုယ်ကို ယုံကြည်ချက်ရှိပါ။ မိမိရဲ့ဘဝ၊ ကိုယ့်ရဲ့ချစ်သူခင်သူတွေအတွက်ပဲ အာရုံထားပါ။ ထိုသူများနဲ့ပဲ တန်ဖိုးရှိတဲ့အချိန်တွေကို အတူတူဖြတ်သန်းပါ။ အတင်းအဖျင်းများကို နင်းချေပစ်ပြီး မိမိတိုးတက်ရာ တိုးတက်ကြောင်းအတွက် အချိန်ပေးပါ။ ဒါဆိုရင်တော့ သင့်ဘဝကြီးကလည်း သာယာလှပလာပြီး အောင်မြင်မှုက သင့်အတွက်ပါပဲ။

Photo Source: Freepik.com

Source: Dontpayfull.com