စမတ်ကျကျဖက်ရှင်ကို ဝတ်ဆင်ချင်တဲ့အခါ ဘလေဇာအင်္ကျီသည် မရှိမဖြစ်လိုအပ်သော အဝတ်အစားတစ်ခုပဲဖြစ်ပါတယ်။ အနောက်တိုင်းဝတ်စုံ ဝတ်တဲ့အခါမှာလည်း ဘလေဇာအင်္ကျီ ထပ်ဝတ်ပါမှ သင့် ဖက်ရှင်က ပြီးပြည့်စုံနေမှာပါ။

အရောင်အသွေးစုံလင်တဲ့ ဘလေဇာဖက်ရှင်များကို နွေ၊ မိုး၊ ဆောင်း ဥတုမရွေး ဝတ်ဆင်ချင်ပါသလား။ အရောင်မျိုးစုံရှိတဲ့ ဘလေဇာဖက်ရှင်များထဲမှာမှ ယခုဖော်ပြပေးမယ့် အရောင်များက လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးအရောင်များပဲဖြစ်ပါတယ်။

အစိမ်းရောင်ဘလေဇာဖက်ရှင်

blazer fashion

အနီရောင်ဘလေဇာဖက်ရှင်

Blazer fashion

အပြာရောင်ဖက်ရှင်

Blazer fashion

ခရမ်းရောင်ဖက်ရှင်

Blazer fashion

ပန်းနုရောင်နှင့် ပန်းဆီရောင်ဖက်ရှင်

Blazer fashion

အထက်ဖော်ပြပါ ဒီဇိုင်း (၅) မျိုးကတော့ လူကြိုက်အများဆုံးဒီဇိုင်းတွေပဲဖြစ်ပါတယ်။ ဘလေဇာ ဝတ်တဲ့အခါ သင့်အသားအရောင်နှင့် လိုက်ဖက်တဲ့အရောင်မျိုးကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဒါ့အပြင် တွဲဖက်ဝတ်ဆင်တဲ့ ဘောင်းဘီကလည်း ဘလေဇာအရောင်နှင့် လိုက်ဖက်မှုရှိရပါမယ်။

ဘောင်းဘီအရောင်များ ရွေးရခက်နေတယ်ဆိုရင်တော့ အပြာရောင်ဘောင်းဘီကိုသာ ရွေးချယ်လိုက်ပါ။ မည်သည့်အရောင်နှင့်မဆို လိုက်ဖက်ပါတယ်။

Source: Dmarge.com