ယနေ့ခေတ်မှာ လူငယ်တော်တော်များများက ဆံပင်ဆိုးရတာကို ဝါသနာပါကြပါတယ်။ ဆံပင်အရောင်ဆိုးလိုက်တဲ့အခါ နဂိုစတိုင်လ်က ပြောင်းလဲသွားပြီး လူအများကြား ထင်ပေါ်နေမှာပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဆံပင်အရောင်ချွတ်ပြီး ဆေးဆိုးခြင်းတွေကလည်း ခေတ်စားလာကြပါတယ်။
ဆံပင်ဆေးဆိုးတဲ့သူတွေအနေနဲ့ မိမိဆံသားကို သေသေချာချာ ထိန်းသိမ်းထားရပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံပင်ပျော့ဆေး၊ ပေါင်းဆေးများအသုံးပြုပြီး ဆံပင်ကြမ်းမသွားအောင် အထူးဂရုစိုက်ရပါတယ်။ ဒါ့အပြင် ဆံပင်ဆေးဆိုးတဲ့အခါ မကြာခဏ ဆေးဆိုးတာမျိုးမဟုတ်ဘဲ အနည်းဆုံးသုံးလကြာမှ တစ်ကြိမ်သာ ဆေးဆိုးသင့်ပါတယ်။
သင့်အနေနဲ့ ဆံပင်ဆေးဆိုးဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်အရောင်လေးတွေကို လေ့လာကြည့်ရှုနိုင်ပါတယ်။
Source: Thetrendspotter.net