သင့်မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်နေလို့ (သို့) အသားအရေက မကြည်မလင်ဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ သင် နေ့စဉ်စားသုံးတဲ့အစားအစာများကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။
သင် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အခုဖော်ပြပေးမယ့်အစားအစာတွေ ပါဝင်နေရဲ့လားဆိုတာကို စစ်ဆေးကြည့်လိုက်ပါ။ ဒါဆိုရင် သင့်အသားအရေက ဘာ့ကြောင့်မကြည်မလင်ဖြစ်ရသလဲ၊ ဘာ့ကြောင့် ညစ်နွမ်းနေရသလဲဆိုတာကို သိလာပါလိမ့်မယ်။
ခရမ်းချဉ်သီး

မုန်လာဥနီ

သင်္ဘောသီး
ထောပတ်သီး

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဘယ်ရီသီးများ

အိုမီဂါသရီး ဖက်တိအက်ဆစ် ကြွယ်ဝတဲ့ ငါးများ

ပန်းဂေါ်ဖီစိမ်း

ဒိန်ချဉ်

ဖရဲသီး
လိမ္မော်သီး၊ Grapefruit သီး၊ သံပုယိုသီး၊ သံပုရာသီးနှင့် အခြားဗီတာမင်စီဓာတ် ကြွယ်ဝသော အသီးများ

သင့်အနေနဲ့ အထက်ဖော်ပြပါ အစားအစာများကို စားသုံးဖြစ်ရဲ့လား။ ထိုအစားအစာများကို နေ့စဉ်နေ့တိုင်းမဟုတ်ရင်တောင်မှ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်ခန့် စားသုံးပေးခြင်းသည် အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး ဝက်ခြံနှင့် အရေးအကြောင်းများမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဒါ့အပြင် နေပူထဲထွက်တဲ့အခါ ထီးအမြဲတမ်းဆောင်းပါ။ နေပူထဲထွက်ခါနီး မိနစ် ၃၀ အလိုမှာ နေလောင်ကာခရင်မ် လိမ်းပေးဖို့ မမေ့ပါနဲ့။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးဖို့အတွက် ရေများများ သောက်ပါ။ ပူစပ်လွန်းသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။
ဝက်ခြံပေါက်တဲ့အခါ လက်ဖြင့် ညှစ်ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လက်သည် မသန့်ရှင်းတဲ့အတွက်ကြောင့် ထိုဝက်ခြံမှတဆင့် ရောဂါပိုးဝင်နိုင်ပြီး ဝက်ခြံပျောက်သွားခဲ့ရင်တောင်မှ အမာရွတ်ကြီး ကျန်ခဲ့နေတတ်လို့ပဲဖြစ်ပါတယ်။
Source: Stylecraze.com



