လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင်ရှိကြတယ်ဆိုပေမယ့် စတိုင်စည်းကမ်းတွေကတော့ လူတိုင်းနဲ့ ဆိုင်ပါတယ်။ အခြေခံစတိုင်စည်းမျဉ်းတွေအကြောင်း သိတဲ့သူဟာ တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဖက်ရှင်ကျသားနားအောင် ဝတ်တတ်စားတတ်တာ သဘာဝပါပဲ။ ဒီတော့ အမြဲတမ်း အသုံးတည့်မယ့် အခြေခံဖက်ရှင်စည်းမျဉ်းလေးတွေ လေ့လာကြည့်ရအောင်ပါ။

(၁) ကိုယ်နဲ့အံကျဖြစ်နေပါစေ

fit-well

Photo: Ape To Gentleman

အဝတ်အစားဝယ်ရင် အမြဲတမ်း Fit ဖြစ်ဖို့ကို ခေါင်းထဲ ထည့်ထားပါ။ ကိုယ့်ကိုယ်ပေါ်မှာ တင်လိုက်လို့ ကိုယ့်ကိုယ်လုံးထက် ကြီးလွန်း/သေးလွန်းရင် ၊ ရှည်လွန်း/တိုလွန်းရင် Fit မဖြစ်လို့ ရှောင်ပါ။ Fit ဖြစ်မဖြစ်ကို အင်္ကျီတွေမှာ ပုခုံးနဲ့ ရင်ဘတ်နေရာအကျကို ကြည့်ပါ။ ဘောင်းဘီနဲ့ Suit တွေမှာဆို ပေါင်အကျ ၊ ခြေထောက်နဲ့ ခါးအပြင် ချပ်ချပ်ရပ်ရပ် ဖြစ်မဖြစ်ပါ ကြည့်ဖို့ လိုပါတယ်။ Suit လို ဝတ်စုံအတွက်တော့ အပ်ချုပ်ဆရာကောင်းကောင်းနဲ့ အပ်တာ ပိုကောင်းပါတယ်။

(၂) Quantity ထက် Quality ဦးစားပေးပါ

buy-less-but-better

Photo: Ape To Gentleman

ဗီရိုထဲမှာ အင်္ကျီဘောင်းဘီ အထည် ၇၀/၈၀ ရှိစရာ မလိုပါဘူး။ ရှိသမျှ အဝတ်အစားတိုင်းက အရည်အသွေးမြင့်ပြီး ဝတ်လိုက်တိုင်း စိတ်တိုင်းကျနေတဲ့ အဝတ်အစားတွေ ဖြစ်ဖို့ လိုပါတယ်။ အရည်အသွေးမြင့်တဲ့ အဝတ်အစားဆိုတာ သုံးထားတဲ့ ချည်သားကောင်းရမယ် ၊ ဝတ်ကြည့်တာနဲ့ အဆင်ပြေနေရပါမယ်။ ၄/၅ နှစ် ကောင်းကောင်း ဝတ်လို့ရပြီး မရိုးသွားမယ့် ဒီဇိုင်းမျိုး ဖြစ်နေရပါမယ်။

ဖက်ရှင်ဆိုတာ နှစ်အလိုက် ခေတ်အလိုက် အကြိုက်တွေပေါ် လိုက်ပြီး ပြောင်းလဲတဲ့သဘောရှိပါတယ်။ Trends ဆန်တဲ့ ဖက်ရှင်မျိုး ဝတ်ရတာ မကြိုက်သူတွေဟာ ဘယ်တော့မှ ပုံမရိုးတဲ့ Classic စတိုင် ရွေးသင့်ပါတယ်။ ဥပမာ – Straight-Fit Jeans ၊ Oxford Shoes နဲ့ Navy Suit တို့လိုမျိုး ဖြစ်ပါတယ်။ Classic တွေကလည်း ကိုယ့်စတိုင်နဲ့ကိုယ် ဝတ်တတ်ရင် ခန့်ညားပါတယ်။

(၃) အဝတ်အစားတွေ ဂရုစိုက်ပါ

capsule-wardrobe

Photo: Ape To Gentleman

အဝတ်အစားကောင်းတွေ ဆိုပေမယ့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် လျှော်ဖွပ်ပြီး ဝတ်တာမျိုး မဟုတ်ရင် ဖက်ရှင်ကောင်းတဲ့သူလို့ ပြောလို့ မရပါဘူး။ ကိုယ်ဝတ်တဲ့ အဝတ်အစားကို ပုံမှန် လျှော်ဖွပ်တာ ၊ မီးပူတိုက်တာ ၊ Suits တွေဆိုလည်း Dry Clean အခြောက်လျှော်သန့်ရှင်းတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ ဖိနပ်ဆိုလည်း ပြင်သင့်တာ ပြင်ပြီး သပ်သပ်ရပ်ရပ် ပေါလစ်တိုက်တာမျိုး လုပ်ပေးသင့်ပါတယ်။

(၄) Accessory တွေ သုံးပါ

iwc-watch

Photo: Ape To Gentleman

အဝတ်အစားအပြင် လူရဲ့ ဖက်ရှင်ပုံရိပ်ကို မြှင့်တင်ပေးနိုင်တဲ့ အကူကိရိယာတွေ အများကြီးရှိပါတယ်။ ဖက်ရှင် Accessory တွေထဲမှာ နာရီကောင်းကောင်း ၊ ခါးပတ် ၊ Shoes ဖိနပ် ၊ မျက်မှန်နဲ့ ပိုက်ဆံအိတ်လိုမျိုး ပစ္စည်းတွေ ဖြစ်ပါတယ်။ လူတွေ ကိုယ့်ကို ဂရုစိုက်လာအောင် ဖမ်းစားပေးတဲ့ အရာတွေလို့ ဆိုရမှာပါ။ ဝတ်တတ်ဆင်တတ်ရင် ဖက်ရှင် Accessory တွေက ကိုယ့်ပုံရိပ်အတွက် အလုပ်ကောင်းကောင်း လုပ်ပေးပါလိမ့်မယ်။

(၅) အရွယ်နဲ့ လိုက်အောင် ဝတ်ပါ

Dress For Your Age

Photo: Ape To Gentleman

ဘယ်သူမဆို ကိုယ်နဲ့ အဆင်ပြေတယ်လို့ ခံစားရတဲ့ အဝတ်အစားမျိုး ဝတ်နိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးဖက်ရှင်ဖြစ်ဖို့အတွက်ဆိုရင် အသက်အရွယ်နဲ့ လိုက်အောင် ဝတ်ပေးဖို့ လိုပါတယ်။ ဆယ်ကျော်သက် အသက် ၁၃-၄ နှစ်သားတစ်ယောက်ဟာ Skater Hoodies ၊ Baggy Jeans နဲ့ Bubble Trainers ဖိနပ်အထူကြီးတွေနဲ့ ကြည့်ကောင်းပေမယ့် အရွယ်ရောက်ပြီးသားလူတစ်ယောက်ကတော့ Smart Casual ဆန်ဆန် သပ်ရပ်ပြီး ကြည့်ကောင်းတဲ့ ဖက်ရှင်မျိုးပဲ ဝတ်သင့်ပါတယ်။